နေပြည်တော်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ) ၂၀၂၀ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲအတွက် အခြေခံ မဲစာရင်းများ ပြုစု ပြီးသွားပြီဖြစ်ရာ မဲပေးခွင့်ရ ဦးရေမှာ ၃၇ သန်းကျော် ရှိသည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က ယနေ့ညနေပိုင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC: _Union...
ပေကျင်း၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ) ၁၉၄၁ ခုနှစ် ရှန်ဟိုင်းတွင်ဖြစ်ပွားခဲ့သည့် လူဖြူလူမည်းသမိုင်းဝင် သည်းထိတ်ရင်ဖို ဇာတ်ကားဖြစ်သည့် Saturday Fiction ရုပ်ရှင်ဇာတ်ကားကို ဒီဇင်ဘာလ ၇ ရက်တွင် ပြသမည်ဖြစ်ကြောင်း တရုတ်ရုပ်ရုပ်ရှင်ထုတ်လုပ်ခြင်း နှင့် ပြပွဲ အဖွဲ့မှ သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်အတွင်းရှိ ပင်လောင်း၊ ဟိုပုံး၊ ဖယ်ခုံ၊ ဆီဆိုင်၊ မောက်မယ်၊ မိုးနဲ၊ မိုင်းပန်နှင့် တွန်းဇံမြို့နယ်တို့၌ နိုဝင်ဘာ ၂၆ ရက်က ဘိန်းစိုက်ခင်း ၁၃၃ဧက ကျော် ဖျက်ဆီးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ) အမျိုးသားကျန်းမာရေးမူဝါဒသစ်တွင် ဖြစ်ပွားမှုများပြားသော မကူးစက်တတ်သော ရောဂါများ ကာကွယ်နှိမ်နင်းရေးကို ဦးစားပေးထည့်သွင်းမည်ဖြစ်ကြောင်း မြန်မာနိုင်ငံအမျိုးသားကျန်းမာရေးမူဝါဒပြန်လည်ရေးဆွဲရေးအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။
စီချွမ်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်၊ လျန်းဆန်း ယီ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကျောက်ကြွယ်နယ်မြေရှိ Atulie’er ကျေးရွာသည် နာမည်ကျော် ကျောက်ကမ်းပါးနံဘေး ကျေးရွာတစ်ရွာဖြစ်သည်။ ယခင်က ကျေးရွာနေသူများအတွက် လမ်းများမရှိဘဲ အပြင်သွားသည့်အခါ မီတာ ၈၀၀ မြင့်သော ကျောက်ကမ်းပါးကို ကြိမ်လှေကားတစ်ခုဖြင့်သာ...