ရန်ကုန် ၊ ဇန်နဝါရီ ၁၀ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အပြည့်အဝ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ၇၃ နှစ်မြောက် ကချင်ပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာတွင် ထည့်သွင်း ပြောကြားခဲ့သည်။
ဂျကာတာ၊ ဇန်နဝါရီ ၁၀ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ခရီးသည် (၆၂) ဦးလိုက်ပါသွားသည့် အင်ဒိုနီးရှားလေကြောင်းလိုင်း ဘိုးရင်း ၇၃၇-၅၀၀ သည် စနေနေ့ မွန်းလွဲပိုင်းက လေကြောင်းထိန်းချုပ်ရေးနှင့်အဆက်အသွယ်ပြတ်တောက်၍ ပျက်ကျသွားခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံ သယ်ယူပို့ဆောင်ရေးဝန်ကြီး Budi Karya Sumadiက အတည်ပြုပြောကြားခဲ့သည်။
ပေကျင်း၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ) ဘာသာပြန်နှင့် ရုပ်သံတည်းဖြတ်/စုဝင့် တရုတ်နိုင်ငံက ပေကျင်းတွင် အပူချိန် အနုတ် ၄၀ ဒီဂရီဆဲလ်စီးယပ်အောက် ကျဆင်းနေသည့် ရာသီဥတု၌ ပြေးဆွဲနိုင်မည့်မြန်နှုန်းမြင့် EMU အမျိုးအစား ကျည်ဆန်ရထား ကိုတီထွင်ထုတ်လုပ်ခဲ့သည်။ဖူရှင်းဟု အမည်ရသည့် EMU အမျိုးအစား ကျည်ဆန်ရထား သည် တစ်နာရီလျှင်...
လျောင်နင်း၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ) ဘာသာပြန် နှင့် ရုပ်သံတည်းဖြတ်/စုဝင့် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင်းပြည်နယ် တာ့လျန်မြို့တွင် ဆီးနှင်းများထူထပ်စွာကျနေသည့် ရာသီဥတုအတွင်း ကွာရန်တင်းဝင်နေကြသည့် ကျောင်းသားကျောင်းသူများအတွက် စားနပ်ရိက္ခာနှင့်ထောက်ပံ့ပစ္စည်များကို စေတနာ့ဝန်ထမ်းဆရာများနှင့်ကျောင်းသားများက ခက်ခက်ခဲခဲပို့ဆောင်ပေးခဲ့သည်။ ပြီးခဲ့သည့် အင်္ဂါနေ့ က လျောင်နင်းပြည်နယ် ဆေးရုံများ တွင် COVID-19...
နယူးယောက်၊ဇန်နဝါရီ၁၀ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် အမေရိကန်နိုင်ငံတွင် ဇန်နဝါရီ ၉ ရက်အထိ COVID-19 ရောဂါ အတည်ပြုလူနာပေါင်း ၂၂ သန်း နှင့် သေဆုံးသူပေါင်း ၃၇၀, ၀၀၀ ကျော်ရှိလာခဲ့ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ် သိပ္ပံနှင့်အင်ဂျင်နီယာဌာန(CSSE) ၏ ထုတ်ပြန်ချက် အရ သိရသည်။