မိုဂါဒစ်ရှူး၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) ဆိုမာလီနိုင်ငံ တောင်ပိုင်း Bay ဒေသ၊ Baidoa မြို့ ရှိ ဟိုတယ်တစ်ခု နှင့် စားသောက်ဆိုင်တစ်ခုတွင် အောက်တိုဘာ ၁၃ ရက်က အသေခံဗုံးပေါက်ကွဲမှု ၂ခုဖြစ်ပွားခဲ့ရာ သေဆုံးသူ ၁၀ဦးအထိ ရှိလာကြောင်း ဒေသခံတာဝန်ရှိသူများကပြောကြားခဲ့သည်။
ပေကျင်း ၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၌ အရေးပါသည့် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ၃၆ ခုကို နိုင်ငံတော်၏ ထိန်းသိမ်းစောင့်ရှောက်မှုအောက် ပြည်သူ့ဥယျာဉ်များအဖြစ် ပြောင်းလဲသတ်မှတ်လိုက်ကြောင်း ၊ ယင်းမှာ အကျယ်အဝန်းအားဖြင့် စုစုပေါင်း မြေဟက်တာ ၆၁ဝ,ဝဝဝ အထိ ရှိကြောင်း အမျိုးသားယဉ်ကျေးမှုအမွေအနှစ်စီမံခန့်ခွဲရေး(NCHA) က ဆိုသည်။
ရန်ကုန် ၊ အောက်တိုဘာ ၁၃(ဆင်ဟွာ) ရန်ကုန်မြို့၊သုဝဏ္ဏအားကစားကွင်း တွင် ယနေ့ညနေ ၆ နာရီတွင်ကျင်းပခဲ့သောမြန်မာ့လက်ရွေးစင်အသင်းနှင့်တောင်အမေရိကအသင်းတစ်သင်းဖြစ်သော ဘိုလီးဗီးယားလက်ရွေးစင်အသင်းတို့၏ ချစ်ကြည်ရေးခြေစမ်းပွဲတွင် ဘိုလီးဗီယား လက်ရွေးစင်အသင်းက သုံးဂိုး-ဂိုးမရှိဖြင့်အနိုင်ယူသွားခဲ့သည်။
ကန်းစု၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကန်းစုပြည်နယ် တန်ဟွမ်းမြို့တွင် ရှေးခေတ်အဆက်ဆက် ၏ ဝတ်စားဆင်ယင်မှုများကို ထင်ဟပ်ပြသသည့် ဖက်ရှင်ရှိုးတစ်ခုကို ပြုလုပ်ခဲ့သည်။ရှေးခေတ် ဒီဇိုင်းအမျိုးအစား ၂ဝ ကျော်နှင့် တီထွင်ဆန်းသစ်မှုဒီဇိုင်းပေါင်း ၈ဝ ကျော်တို့ကို ထိုပွဲတွင် ပြသခဲ့သည်။ တန်ဟွမ်းဒေသ၏ခေတ်ဟောင်းဝတ်စားဆင်ယင်မှုနှင့် ခေတ်သစ်ဒီဇိုင်းတို့ကို ပေါင်းစပ်ဖော်ညွန်းသည့်...
ဟာဘင်း ၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအရှေ့မြောက်ပိုင်းဟာဘင်းတွင် ကမ္ဘာ့အကြီးဆုံး QR ကုတ်ကြီး ကို ဆန်စေ့များဖြင့်ဖန်တီးခဲ့သည်။ အဆိုပါ QR ကုတ်ကို ဆန်အဖြူနဲ့ဆန်အမဲ စပါးစေ့ပေါင်း ၅ တန်ကို အကျယ်အဝန်း ဧရိယာ စတုရန်းမီတာပေါင်း ၉ဝဝ ပေါ်တွင် ပေါင်းစပ်ဖန်တီးထားခြင်းဖြစ်သည်။ တစ်ဖက်နှင့်...