Connect with us

Videos

Chang’e-5 လကမ္ဘာစူးစမ်းလေ့လာရေးယာဉ်ကို ၁ မိနစ်ခွဲကြာ အချိန်လောက်နှင့် လေ့လာကြည့်ရအောင်

ပေကျင်း ၊နိုဝင်ဘာ ၂၆ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

တရုတ်နိုင်ငံသည် နိုဝင်ဘာ ၂၄ ရက် အင်္ဂါနေ့က Chang’e-5 လကမ္ဘာစူးစမ်းလေ့လာရေးယာဉ်အား အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့သည်။ ၎င်းမှာ တရုတ်နိုင်ငံ၏ အာကာသအတွင်း အခြားဂြိုလ်မှ နမူနာသယ်ယူပြန်လာမည့် ပထမဆုံး ကြိုးပမ်းချက် ဖြစ်ကြောင်း သိရသည်။

Chang’e-5 လကမ္ဘာစူးစမ်းလေ့လာရေးယာဉ်ကို Long March-5 ဒုံးပျံဖြင့် တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် ဝန်ချန်းအာကာသယာဉ် လွှတ်တင်ရေးစခန်းမှ နိုဝင်ဘာ ၂၄ ရက် ပေကျင်းစံတော်ချိန် နံနက် ၄ နာရီခွဲက လွှတ်တင်ခဲ့ခြင်းဖြစ်သည်။

Chang’e-5 စူးစမ်းလေ့လာရေးယာဉ်သည် တရုတ်နိုင်ငံ အာကာသသမိုင်းတွင် အရှုပ်ထွေးဆုံးနှင့်စိန်ခေါ်မှုအရှိဆုံး တာဝန်တစ်ခုရှိရာ ၎င်းတာဝန်မှာ ကမ္ဘာတွင် နှစ်ပေါင်း ၄၀ ကျော် ကြာပြီးနောက် ပထမဆုံး လကမ္ဘာမှ နမူနာယူပြန်လည်သယ်ဆောင်လာခြင်းပင် ဖြစ်သည်။

အဆိုပါဆောင်ရွက်ချက်သည် တရုတ်နိုင်ငံ သိပ္ပံနှင့်နည်းပညာဖွံ့ဖြိုးတက်ရေးအတွက် အထောက်အကူပြုမည်ဖြစ်သလို တရုတ်နိုင်ငံ၏အနာဂတ် လကမ္ဘာသို့ လူဆင်းသက်ရေးနှင့် အာကာသ စူးစမ်းလေ့လာရေးတွင် ထဲထဲဝင်ဝင်ဖြစ်စေမည့် အရေးကြီးသည့် အခြေခံအုတ်မြစ်ကိုလည်း ချပေးနိုင်မည်ဖြစ်ကြောင်း တရုတ် အမျိုးသား အာကာသစီမံခန့်ခွဲမှုဦးစီးဌာန (CNSA) လကမ္ဘာ စူးစမ်းလေ့လာရေးနှင့် အာကာသ စီမံကိန်း စင်တာ လက်ထောက် ဒါရိုက်တာ ဖေကျောက်ယွီက ဆိုသည်။
Chang’e-5 တွင် orbiter၊ lander ၊ ascenderနှင့် returner စက်များတစ်ဆက်တည်းပါရှိရာ အလေးချိန်စုစုပေါင်း ၈.၂ တန်ဖြင့် လကမ္ဘာ ဂြိုလ်ပတ်လမ်းကြောင်းတွင် လူပါဝင်မှုမရှိဘဲ ချိတ်ဆက်ပြောင်းလဲမောင်းနှင်နိုင်မည်ဖြစ်ရာ ၎င်းမှာ ယခင်မရှိခဲ့သည့် ဆောင်ရွက်မှုမျိုးဖြစ်ကြောင်း သိရသည်။
ခရီးစဉ်တစ်ခုလုံးအနေဖြင့် ရက် ၂၀ ကျော် ကြာမည် ဖြစ်သည်။

အကယ်၍ Chang’e-5၏ ခရီးစဉ်အောင်မြင်သွားမည်ဆိုပါက တရုတ်နိုင်ငံ၏လက်ရှိ လကမ္ဘာလေ့လာရေးလုပ်ငန်း အောင်မြင်သွားပြီဖြစ်ကြောင်း ဖေကျောက်ယွီက ဆိုသည်။

“တရုတ်နိုင်ငံဟာ အနာဂတ် လကမ္ဘာလေ့လာရေးအစီအစဉ်တွေကို ရေးဆွဲနေတယ်။ လကမ္ဘာပေါ်လူဆင်းသက်ရေးနဲံ အာကာသကို ထဲထဲဝင်ဝင်စူးစမ်းလေ့လာဖို့ လမ်းကြောင်းခင်းနေတာပါ။ Chang’e-5 ရဲ့တာဝန်က အမေရိကန်နဲ့ ဆိုဗီယက်တို့ရဲ့ လကမ္ဘာ နမူနာယူပုံနဲ့မတူပါဘူး။ ”ဟု ဖေကျောက်ယွီက ပြောသည်။

Chang’e-5၏သိပ္ပံစူးစမ်းမှုရည်မှန်းချက်သည် ဆင်းသက်သည့်လကမ္ဘာမြေပြင်ဧရိယာကို စိစစ်ခြင်း၊ ရယူထားသည့်နမူနာနှင့်သက်ဆိုင်သော မြေပြင်ဒေတာအချက်အလက်များကို ခွဲခြမ်းစိတ်ဖြာခြင်းနှင့် လနမူနာအား ရေရှည် ဓါတ်ခွဲလေ့လာခြင်း တိုဖြစ်ကြောင်း သိရသည်။

လကမ္ဘာက နမူနာကို အမေရိကန်နှင့် ဆိုဗီယက်တို့က ယူဆောင်ခဲ့ဖူးသော်လည်း သိပ္ပံပညာရှင်များအတွက် နှစ်ကာလမတူသည့် နမူနာများအတူထား၍ လကမ္ဘာ၏သမိုင်းကို ပြည်စုံအောင်ဆက်စပ်ကြည့်ရန် လိုအပ်ကြောင်း ၊ ၎င်း၏ဖြစ်ပေါ်ပုံနှင့်ပြောင်းလဲပုံကို သိပ္ပံပညာရှင်များ ပိုမိုနားလည်သိရှိနိုင်ရန် ဆောင်ကြဉ်းပေးလိမ့်မည်ဖြစ်ကြောင်း ဖုန်ကျင့်က ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.