ဘရပ်ဆဲလ်၊ မေ ၉ ရက် (ဆင်ဟွာ) ဥရောပအင်အားကြီးနိုင်ငံများက အီရန်နိုင်ငံအား နျူကလီးယား သဘောတူစာချုပ်ပါ ကတိကဝတ်များအား ဆက်လက်အကောင်အထည်ဖော်ရန် အခိုင်အမာ တိုက်တွန်းလိုက်ကြောင်းနှင့် မည်သည့် ရာဇသံမျိုးကိုမဆို ပယ်ချလိုက်ကြောင်း မေလ ၉ ရက်တွင် ပြောကြားလိုက်သည်။
ဒမတ်စကပ်၊မေ ၉ ရက်(ဆင်ဟွာ) ဂျော်ဒန်နိုင်ငံနှင့်ဆီးရီးယားနိုင်ငံတောင်ပိုင်း ရှိဒုက္ခသည်စခန်းတစ်ခုမှ ဒုက္ခသည်အုပ်စုများသည် မေလ ၅ ရက်က ဆီးရီးယားနိုင်ငံသို့ပြန်လည်ရောက်ရှိလာကြကြောင်းနိုင်ငံပိုင် ဆာနာ(SANA) သတင်းဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။
မွမ်ဘိုင်း၊ မေ ၉ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မဟာရက်ရှ်ထရာပြည်နယ် Pune မြို့ Urali Devachi ရပ်ကွက်ရှိ အဝတ်အထည်ဆိုင်တစ်ခုတွင် မေလ ၉ ရက် နံနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ရီယိုဒီ ဂျနေးရိုး ၊ မေ ၉ ရက်(ဆင်ဟွာ) ဘရာဇီး နိုင်ငံ အစိုးရက ဟေတီ နိုင်ငံသို့ခွေးရူးပြန် ရောဂါ ကာကွယ်ဆေး ၇,၀၀၀ အား လှူဒါန်းခဲ့ကြောင်း မေ ၈ ရက်တွင် ကြေညာခဲ့သည်။