ရန်ကုန်၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော် ARSA အကြမ်းဖက်အုပ်စုအား မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်ခြားစောင့် တပ်ဖွဲ့များပူးပေါင်းဆောင်ရွက်မှုဖြင့် ရှင်းလင်းချေမှုန်းနိုင်ရေးကို နိုဝင်ဘာ ၂၅ ရက်၌ကျင်းပသော နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များ၏ တပ်ရင်းမှူးအဆင့် အလံတင်အစည်းအဝေး၌ ဆွေးနွေးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စလျှင် ၁,၈၇၄ ဒေါ်လာမှ ၁,၈၀၉ ဒေါ်လာအထိ ၂ ရက်အတွင်း ၆၅ ဒေါ်လာအထိဈေးနှုန်းကျဆင်းခဲ့သလို မြန်မာ့ရွှေဈေးသည်လည်း တစ်ကျပ်သားပေါက်ဈေး ကျပ် ၁,၃၁၀,၀၀၀ မှ ကျပ် ၁,၂၉၇,၀၀၀ အထိ ကျပ် ၁၃,၀၀၀...
ရန်ကုန်၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော် ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ ကျပ်သိန်း ၈,၀၀၀ ခန့်တန်ဖိုးရှိ စိတ်ကြွမူးယစ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ယနေ့ထုတ်ပြန်သော သတင်းအရ သိရသည်။
ပေကျင်း၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့ သည် လက်တွေ့ကျသောအကျိုးရလဒ်များ ပိုမိုရရှိစေရန်နှင့် နှစ်နိုင်ငံဆက်ဆံရေး အဆင့်မြှင့်တင်ရေး ရည်ရွယ်ပြီး စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် နိုဝင်ဘာ ၂၄ ရက်က သဘောတူခဲ့ကြကြောင်း သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်ရှိ လူနေအိမ်အနီးတွင် လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် အလုပ်သမားတန်းလျားပျက်စီးခဲ့ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ယနေ့ထုတ်ပြန်သော သတင်းအရ သိရသည်။