Connect with us

Politics, Law & Military

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ ကျပ် သိန်း ၈,၀၀၀ ခန့်တန်ဖိုးရှိ စိတ်ကြွမူးယစ်ဆေးပြားများ ဖမ်းဆီးရမိ

မောင်တောမြို့၌ သိမ်းဆည်းရမိသော စိတ်ကြွမူးယစ်ဆေးပြားများအား တွေ့ရစဉ်(ဓာတ်ပုံ-တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့)

ရန်ကုန်၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော်

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ ကျပ်သိန်း ၈,၀၀၀ ခန့်တန်ဖိုးရှိ စိတ်ကြွမူးယစ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ယနေ့ထုတ်ပြန်သော သတင်းအရ သိရသည်။

နယ်မြေလုံခြုံရေးတာဝန် ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နိုဝင်ဘာ ၂၅ ရက် နံနက် ၁၁ နာရီခန့်တွင် ကြိမ်ချောင်းကျေးရွာ၏အနောက်ဘက် မီတာ ၉,၀၀၀ ခန့်အကွာ ဖက်လိပ်ပြင်-ကျောက်ချောင်းလူသွားလမ်းပေါ်မှ တောင်မှမြောက်သို့အထုပ်ကိုယ် စီသယ်ဆောင်လာသည့် မသင်္ကာဖွယ်ဘင်္ဂါလီ ၄ ဦးအားတွေ့ရှိရသဖြင့် စစ်ဆေးရန်ရပ်တန့်ခိုင်းရာ ရပ်တန့်ခြင်းမရှိဘဲ ၎င်းတို့သယ်ဆောင်လာသည့် အထုပ်များအားပစ်ချ၍ ထွက်ပြေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ချခဲ့သော အထုပ် ၄ ထုပ်အားစစ်ဆေးရာ အထုပ်များအတွင်းမှ WY စာတန်းပါ စိတ်ကြွမူးယစ်ဆေးပြား ၄၀၀,၀၀၀ ပြား(ကာလတန်ဖိုး ခန့်မှန်းငွေကျပ် သိန်း ၈,၀၀၀ ခန့်) အားသိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

ယင်း သိမ်းဆည်းရမိသော စိတ်ကြွမူးယစ်ဆေးပြားများအား လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက် ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာနယ်မြေခံရဲတပ်ဖွဲ့သို့ စနစ်တကျလွှဲပြောင်းအပ်နှံခဲ့ကြောင်းသိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.