Connect with us

Environment, Disasters & Accidents

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့၌ လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် အလုပ်သမားတန်းလျားပျက်စီး

မူဆယ်မြို့၌ ပေါက်ကွဲမှုကြောင့် ပျက်စီးသွားသော အလုပ်သမားတန်းလျားအား တွေ့ရစဉ် (ဓာတ်ပုံ-တပ်မတော်သတင်းမှန်ပြန်ကြားရေးကော်မတီ)

ရန်ကုန်၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်ရှိ လူနေအိမ်အနီးတွင် လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် အလုပ်သမားတန်းလျားပျက်စီးခဲ့ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ယနေ့ထုတ်ပြန်သော သတင်းအရ သိရသည်။

နိုဝင်ဘာ ၂၅ ရက်၊ ည ၈ နာရီ ၁၀ မိနစ်ခန့်တွင် နမ့်ခမ်းဘက်မှ ဆိုင်ကယ်ဖြင့်အမျိုးသား ၂ ဦးရောက်ရှိလာပြီး နေအိမ်ရှေ့ကားလမ်းပေါ်မှနေ၍ လက်လုပ်မိုင်းတစ်လုံးအား နေအိမ်ဝန်း အတွင်းသို့ပစ်ခတ်ခဲ့၍ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မူဆယ်မြို့၌ ပေါက်ကွဲမှုကြောင့် ပျက်စီးသွားသော အလုပ်သမားတန်းလျားအား တွေ့ရစဉ် (ဓာတ်ပုံ-တပ်မတော်သတင်းမှန်ပြန်ကြားရေးကော်မတီ)

အဆိုပါမိုင်းပေါက်ကွဲမှုကြောင့် လူများထိခိုက်မှုမရှိဘဲ ခြံစည်းရိုးနှင့် ကပ်လျက် အလုပ်သမားတန်းလျားကော်ရစ်တာ မျက်နှာကျက်အလျား ၃၀ ပေ၊ အနံ ၄ ပေနှင့် ပြတင်းပေါက်မှန် ၂ ချပ် ကွဲအက်ပျက်စီးခဲ့ကြောင်း သိရသည်။

ယင်းဆိုင် ကယ်မောင်းနှင်လာသူ ၂ ဦးမှာ မူဆယ်ဘက်သို့မောင်းနှင်ထွက်ပြေးသွား ခဲ့ကြောင်း၊ တရားခံများအားဖမ်းဆီးရမိရေး ပိတ်ဆို့ရှာဖွေ စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။

အဆိုပါမိုင်းပေါက်ကွဲမှုဖြစ်ပွားသည့် နေရာသို့နယ်မြေခံတပ်မှ လုံခြုံရေးတပ်ဖွဲ့ ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များက သွားရောက်၍ မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.