Connect with us

Europe

တူရကီနိုင်ငံ ကာကွယ်ရေးဝန်ကြီး က အမေရိကန်နိုင်ငံ ၏ တူရကီနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုအား ပြစ်တင်ဝေဖန်

တူရကီနိုင်ငံ ကာကွယ်ရေးဝန်ကြီး Hulusi Akar က မြေပုံအား စစ်ဆေးနေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

အန်ကာရာ ၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ) ဘာသာပြန် / စိုးမိုး

တူရကီနိုင်ငံ ကာကွယ်ရေးဝန်ကြီး Hulusi Akar က အမေရိကန်နိုင်ငံ ၏ လတ်တလောရက်ပိုင်းအတွင်း ဆောင်ရွက်ခဲ့သည့် တူရကီနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ နှင့် ပတ်သက်၍ ပြစ်တင်ဝေဖန်ခဲ့ပြီး တူရကီနိုင်ငံ နိုင်ငံအနေဖြင့် ကာကွယ်ရေးလုံခြုံမှုကို ခိုင်မြဲစွာ ကာကွယ်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁၅ ရက်၌ ပြောကြားခဲ့သည်။

တူရကီနိုင်ငံ သတင်းမီဒီယာများ၏ ဖော်ပြချက်တွင် Hulusi Akar က အမေရိကန်နိုင်ငံ ၏ ဆောင်ရွက်မှု သည် နေတိုးမဟာမိတ်တပ်ဖွဲ့ဆက်ဆံရေး နှင့် ကိုက်ညီမှုမရှိကြောင်း ၊ လက်ရှိဖြစ်ပွားနေသော စစ်ဘက်ဆိုင်ရာ နှင့် နိုင်ငံရေးအခြေအနေ ဆုံးဖြတ်ချက်များအရ တူရကီ နိုင်ငံ အနေဖြင့် လုံခြုံရေးအပိုင်းကို ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

တူရကီ နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ၏ စက်မှုလုပ်ငန်းဌာန ဌာနမှူး Ismail Demir က တူရကီ နိုင်ငံ အနေဖြင့် အမှီအခိုကင်းသည့် ကာကွယ်ရေး အစီအစဉ်ပိုင်ဆိုင်နိုင်ရန် ဆုံးဖြတ်ချက်ချထားပြီး တူရကီ နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့်လည်း ဖွံ့ဖြိုးတိုးတက်အောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တူရကီနိုင်ငံသည် ရုရှားနိုင်ငံထုတ် S-400 လေကြောင်းရန် ကာကွယ်ရေးစနစ်များ ဝယ်ယူခဲ့ခြင်းကြောင့် အမေရိကန်နိုင်ငံက တူရကီအပေါ် အရေးယူပိတ်ဆို့မှုများ ဆောင်ရွက်ခဲ့ပြီး ယင်းပိတ်ဆို့မှုများတွင် တူရကီ နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ၏ စက်မှုလုပ်ငန်းဌာန သို့ အမေရိကန်နိုင်ငံ ကုန်ပစ္စည်များရောင်းချခြင်း ၊ နည်းပညာရောင်းချခြင်း နှင့် သုံးစွဲရန်ခွင့်ပြုချက် စသည်တို့ကို ခွင့်ပြုတော့မည်မဟုတ်ဘဲ ပိတ်ပင်သွားမည်ဖြစ်ပြီး ယင်းဌာန၏ ဌာနမှူးအပါအဝင် သက်ဆိုင်ရာ အရာရှိများ၏ အမေရိကန်နိုင်ငံရှိ ပိုင်ဆိုင်မှုများကို ချိတ်ပိတ်ခြင်း နှင့် ဗီဇာကန့်သတ်ခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းပါဝင်သည်။ (Xinhua)

————————————————-
(Chinese Version)

(国际)土耳其防长谴责美国对土制裁

  新华社安卡拉12月15日电(记者郑思远 施洋)土耳其国防部长阿卡尔15日谴责美国日前做出对土制裁的决定,强调土耳其将坚定维护国防安全。
  土耳其阿纳多卢通讯社援引阿卡尔的话报道说,土耳其谴责这一不符合北约盟国关系、当前军事和政治现实的决定,土耳其将继续坚定维护国防安全。
  土耳其国防工业局局长伊斯梅尔•德米尔表示,土耳其决心拥有一个独立的国防工业,土国防工业将继续发展。
美国政府14日以土耳其购买俄制S-400防空系统为由宣布对土实施制裁。具体措施包括禁止向土国防工业局发放美国产品、技术的出口许可和授权,对该局局长德米尔等数名官员实施财产冻结和签证限制等。(完)

Photo

新华社照片,安卡拉,2020年6月17日
(国际)(2)土耳其对伊拉克北部库尔德工人党武装发动攻击
6月17日,在土耳其安卡拉,土耳其国防部长阿卡尔(前)在陆军指挥控制中心查看地图。
土耳其国防部17日在社交媒体推特上发表声明说,土耳其突击部队已对伊拉克北部库尔德工人党武装发动代号为“虎爪行动”的军事行动。
新华社发