ရန်ကုန်၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ) ပြည်သူ့အချစ်တော် ဆင်မကြီးမိုမို ၏ ၆၇ နှစ်ပြည့်မွေးနေ့ပွဲ ကို အောက်တိုဘာ ၂၅ ရက်တွင် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၌ သီးနှံမျိုးစုံဘူဖေးကျွေး၍ ကျင်းပမည်ဖြစ်ကြောင်း၊ ပြည်သူများမှ မွေးနေ့ဆုတောင်းများပြောကြားနိုင်ရန် Yangon Zoo ၏ Facebook စာမျက်နှာတွင် မွေးနေ့ပွဲကိုပြသသွားမည် ဖြစ်ကြောင်း...
ရန်ကုန်၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ) COVID-19 အလွန်ကာလတွင် မြန်မာနိုင်ငံ၏စီးပွားရေးကဏ္ဍ ပိုမိုကောင်းမွန်လာစေရန် ကုန်သွယ်ရေးသတင်းအချက်အလက် ဝက်ဘ်ဆိုက်အသစ်တစ်ခု (www.myantrade.gov.mm) အား ယခုရက်ပိုင်းမှစ၍ အကောင်အထည်ဖော်ထုတ်လွှင့်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင် ရေးအဖွဲ့(Myantrade)မှ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါက ဆင်ဟွာသို့ အောက်တိုဘာ ၂၄ ရက်တွင်ပြောသည်။
နယူးယောက်၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်တစ်ဝန်း ကြိုတင်မဲပေးခြင်းကို အောက်တိုဘာ ၂၄ ရက်တွင် စတင်ကာ ရွေးကောက်ပွဲ မတိုင်မီ ကြိုတင်မဲပေး ရန် အချိန် ၉ ရက်ပေးထားမည်ဖြစ်ကြောင်းသိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ) ကုလသမဂ္ဂဖွဲ့စည်းတည်ထောင်သည့် (၇၅) နှစ်မြောက် မင်္ဂလာရှိသောအခါသမယ၌ လှိုက်လှဲစွာ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်းနှင့် ကုလသမဂ္ဂပဋိညာဉ်က အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ထမ်းဆောင်ရာတွင် ကုလသမဂ္ဂအဖွဲ့ကြီးအနေဖြင့် ပိုမိုကြီးမားသည့် အောင်မြင်မှုများရရှိပါစေကြောင်း ဆုမွန်ကောင်းများ ပို့သအပ်ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က (၇၅)နှစ်မြောက် ကုလသမဂ္ဂနှစ်ပတ်လည်နေ့သို့ အောက်တိုဘာ ၂၄...