Connect with us

North America

နယူးယောက်ပြည်နယ်၌ သမိုင်းတစ်လျှောက် ပထမဆုံးအဖြစ် ကြိုတင် မဲပေးခြင်း အောက်တိုဘာ ၂၄ ရက်တွင် စတင်

အမေရိကန်နိုင်ငံ အီလီနွိုက်ပြည်နယ် ချီကာဂိုမြို့ရှိ Warren ပန်းခြံရှိ မဲရုံအပြင်ဘက်တွင် ကြိုတင်မဲပေးရန် စောင့်ဆိုင်းနေသူများကို တွေ့ရစဉ် (ဓာတ်ပုံ - Joel Lerner/Xinhua)

နယူးယောက်၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်တစ်ဝန်း ကြိုတင်မဲပေးခြင်းကို အောက်တိုဘာ ၂၄ ရက်တွင် စတင်ကာ ရွေးကောက်ပွဲ မတိုင်မီ ကြိုတင်မဲပေး ရန် အချိန် ၉ ရက်ပေးထားမည်ဖြစ်ကြောင်းသိရသည်။

အမေရိကန် အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၃ ရက်တွင် ပြုလုပ်မည်ဖြစ်ပြီး နယူးယောက်ပြည်နယ်၏ ကြိုတင်မဲပေးခြင်းကာလကို နိုဝင်ဘာ ၁ ရက်နေ့အထိပြုလုပ်သွားမည် ဖြစ်ကြောင်း ပြည်နယ်အစိုးရက ထုတ်ပြန်သော အစီအစဉ်အရ သိရသည်။ နိုဝင်ဘာ ၂ ရက်တွင် ကြိုတင်မဲပေး၍ရတော့မည်မဟုတ်ပေ။

“ဒါက နယူးယောက်မှာ နေထိုင်သူတွေအနေတဲ့ သမိုင်းမှာပထမဆုံးအနေနဲ့ သမ္မတရွေးကောက်ပွဲမှာ ကြိုတင်မဲပေးနိုင်ကြမှာဖြစ်ပါတယ်။ သင်တို့ရဲ့ အသံကို ကြားပါစေ” ဟု နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူး Andrew Cuomo က အောက်တိုဘာ ၂၃ ရက်တွင် တွစ်တာ၌ ရေးသားခဲ့သည်။

ယခုနှစ်တွင် မဲဆန္ဒရှင်များအနေဖြင့် အဝေးရောက်ဆန္ဒမဲပေးစနစ်၊ လူကိုယ်တိုင် ကြိုတင်မဲသွားပေးစနစ်နှင့် ရွေးကောက်ပွဲနေ့တွင် လူကိုယ်တိုင်မဲပေးစနစ် စသည့် နည်းလမ်းသုံးသွယ်ဖြင့် မဲပေးနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

စာရင်းသွင်းထားသော မဲဆန္ဒရှင်များအားလုံးအနေဖြင့် နိုဝင်ဘာ ၃ ရက်နေ့ ရွေးကောက်ပွဲတွင် COVID-19 ရောဂါအတွက်စိုးရိမ်မှုရှိ ပါက အဝေးရောက်မဲပေးခြင်းအတွက် တောင်းဆိုနိုင်မည် ဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

ယခုနှစ်တွင် သမ္မတ ဒေါ်နယ်ထရမ့်နှင့် ၎င်း၏ပြိုင်ဘက် ဒီမိုကရက်တစ် သမ္မတလောင်းလည်းဖြစ်၊ ဒုတိယသမ္မတဟောင်းလည်းဖြစ်သူ ဂျိုးဘိုင်ဒန်တို့၏ သမ္မတရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုကြောင့် နိုင်ငံတစ်ဝန်း ကြိုတင်မဲပေးသည့်နှုန်း သိသိသာသာမြင့်တက်လျက်ရှိကြောင်း သိရသည်။

“နိုင်ငံတစ်ဝန်း ကြိုတင်မဲပေးခြင်းက တော်တော်လေးစံချိန်တင်နေပါတယ်။ မြောက်ကယ်ရိုလိုင်းနား၊ ဂျော်ဂျီယာ  ၊ မီချီဂန်နဲ့ အခြား အကြိတ်အနယ်ယှဥ်ပြိုင်ရမည့် ပြည်နယ်တွေမှာ ၂၀၁၆ ခုနှစ်က မဲပေးခဲ့တဲ့ စုစုပေါင်း ၄၀ ရာခိုင်နှုန်းကို ကျော်သွားခြင်း သို့မဟုတ် နီးပါးရှိလာပြီဖြစ်တယ်” ဟု USA Today က အောက်တိုဘာ ၂၂ ရက်တွင် သတင်းဖော်ပြခဲ့သည်။

“အောက်တိုဘာ ၂၁ ရက် မွန်းလွဲပိုင်းအထိ ပြည်သူ ၄၂ သန်းကျော်က ကြိုတင်မဲပေးခြင်းအား လူကိုယ်တိုင် သို့မဟုတ် စာတိုက်ကတစ်ဆင့် ပေးလျက်ရှိပြီး ၂၀၁၆ ခုနှစ် ဒီအချိန်လောက်က ကြိုတင်မဲပေးခဲ့သူ ၆ သန်းထက် ခုနစ် ဆလောက်ရှိပါတယ်” ဟု သတင်းက ဆိုသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.