လီမား၊ ဧပြီလ ၁၈ ရက်(ဆင်ဟွာ) ပီရူးနိုင်ငံသမ္မတဟောင်း အလန်ဂါစီယာ(Alan Garcia) သည်လီမားမြို့ရှိဆေးရုံတစ်ရုံ၌ ဧပြီလ ၁၇ ရက်က သေဆုံးသွားခဲ့ကြောင်း လက်ရှိပီရူးနိုင်ငံသမ္မတ မာတင်ဗစ်ဇ်ကာရာ(Martin Vizcarra) က တွစ်တာလူမှုကွန်ရက်စာမျက်နှာတွင် အတည်ပြုရေးသားခဲ့သည်။
ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ) ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၃၁၉/၁ အနီးတွင် ယနေ့ ဧပြီ ၁၇ ရက် နေ့လည် ၁၂နာရီ ၂၀မိနစ်တွင် ကားမီးလောင်မှုဖြစ်ပွားပြီး လူ ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ) ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ သြင်္ကန်လေးရက်တာအတွင်း ယာဉ်မတော်တဆမှုကြောင့် လူ၄ဦး သေဆုံးခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဂျာကာတာ၊ ဧပြီ ၁၇ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံတွင် ဧပြီ ၁၇ ရက်က သမ္မတရွေးကောက်ပွဲကျင်းပရာ မှတ်ပုံတင်ထားသော မဲဆန္ဒရှင် သန်း ၁၉၀ က တစ်နိုင်ငံလုံးရှိ မဲရုံပေါင်း ၈ သိန်းကျော်သို့ သွားရောက် သမ္မတနှင့်ဒုတိယသမ္မတ ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးကြကြောင်း သိရသည်။