ချန်ချွမ်း၊အောက်တိုဘာ ၂၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံမှ တီထွင်ထုတ်လုပ်သည့် တစ်နာရီလျှင် ကီလိုမီတာ ၄၀၀ မောင်းနှင်နိုင်သည့် မြန်နှုန်းမြင့် ကျည်ဆန်ရထားကြီးကို CRRC Changchun Railway Vehiclesကုမ္ပဏီက တရုတ်နိုင်ငံ ကျီလင်ပြည်နယ် ချန်ချွမ်းမြို့တွင် ယနေ့(အောက်တိုဘာ ၂၁ ရက်)က သံလမ်းတင်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း လူတစ်ဦးချင်းစီ၏ လျှပ်စစ်သုံးစွဲနိုင်မှုယူနစ်သည် ၄၉၂ယူနစ်အထိရှိလာကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။
တက်ရှ်ခန့်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) ဥဇဘက်ကစ္စတန်နိုင်ငံသည် တရုတ်နိုင်ငံမှ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး (recombinant coronavirus vaccine) လက်တွေ့စမ်းသပ်မှုများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တီထွင်ဆန်းသစ်မှု ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနက အောက်တိုဘာ ၂၂ ရက်တွင် ပြောကြားလိုက်သည်။
ဘန်ကောက်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနသည် ကမ္ဘာလှည့်ခရီးသည်များအတွက် အသွားအလာ ကန့်သတ်စောင့်ကြည့်ရက်ကို ၁၄ ရက်မှ ၁၀ ရက်သို့ လျှော့ချရန် ရည်ရွယ်ထားကြောင်း အောက်တိုဘာ၂၁ ရက်တွင် ပြုလုပ်သည့် နေ့စဉ်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။အဆိုပါ ကြေညာချက်သည် အောက်တိုဘာ ၂၀ ရက်က တရုတ်နိုင်ငံမှ...
ရန်ကုန်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ပညာသင်ကြားရေး အဆက်မပြတ်စေရန် အင်တာနက် အွန်လိုင်း၊ ရုပ်မြင်သံကြားနှင့် ရေဒီယိုများမှတဆင့် သင်ခန်းစာများအား သင်ကြားပို့ချပေးမည့် အစီအစဉ်ကို နိုဝင်ဘာလတွင် စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။