Connect with us

Education & Health

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးကာလအတွင်း အင်တာနက် အွန်လိုင်း၊ ရုပ်မြင်သံကြားနှင့် ရေဒီယိုများမှတဆင့် သင်ကြားပို့ချပေးမည့် အစီအစဉ် နိုဝင်ဘာလတွင်စတင်မည်

COVID-19 ကာလ ကျောင်းများပြန်ဖွင့်စဉ် နှာခေါင်းစည်းဖြင့်ကျောင်းတက်နေသည့် ကျောင်းသားတချို့အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးကာလအတွင်း  ပညာသင်ကြားရေး အဆက်မပြတ်စေရန် အင်တာနက် အွန်လိုင်း၊ ရုပ်မြင်သံကြားနှင့် ရေဒီယိုများမှတဆင့် သင်ခန်းစာများအား သင်ကြားပို့ချပေးမည့် အစီအစဉ်ကို နိုဝင်ဘာလတွင် စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက “COVID-19 ကြောင့် ကျောင်းတွေပိတ်ထားရတဲ့အချိန်မှာ ကလေးတွေစာသင်ကြားခွင့် စဉ်ဆက်မပြတ်သင်ကြားခွင့်ရဖို့အတွက် အခုလိုဆောင်ရွက်ရတာဖြစ်ပါတယ်။ သင်ကြားရေးကာလ နောက်ကျတာကြောင့် သင်ခန်းစာတွေကို ၅၀ ရာခိုင်နှုန်းထိ လျှော့ချထားပြီး အဓိကထားသင်ကြားရမယ့် သင်ခန်းစာတွေကို ဦးစားပေးပြင်ဆင်ထားပါတယ်’’ ဟု ဆင်ဟွာ သို့ အောက်တိုဘာ၂၂ရက်တွင်ပြောသည်။

မြန်မာနိုင်ငံတွင် အခြေခံပညာအထက်တန်းကျောင်းပေါင်း ၇၀၀၀ ကျော်ရှိသည့်အနက် အခြေခံပညာအထက်တန်းကျောင်း ပေါင်း ၆၅၀၀ ကျော်သာ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ ကျန်အခြေခံပညာမူလတန်းအဆင့်ကျောင်းများကို ဖွင့်လှစ်နိုင်ခြင်းမရှိကြောင်း၊ ဖွင့်လှစ်ခဲ့သည့်ကျောင်းများလည်း COVID-19 ရောဂါကြောင့် သြဂုတ်လ၂၇ရက်တွင် တစ်နိုင်ငံလုံးရှိကျောင်းများ ပြန်လည်ပိတ်ခဲ့ရကြောင်း၊ လက်ရှိတွင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ခြင်း ရှိမရှိအား သက်ဆိုင်ရာကော်မတီ ၏ ဆုံးဖြတ်ချက်ရယူနိုင်ရန်တင်ပြမည်ဖြစ်ကြောင်းဆိုသည်။

COVID-19 ရောဂါကြောင့် စာသင်ကျောင်းများ ပိတ်ထားရသည့်အချိန်တွင်  စာမသင်နိုင်ပဲ ဖြစ်နေရသော အခြေခံပညာ ကျောင်းသားများ အိမ်မှာနေရင်း စာသင်နိုင်ရန် စီစဉ်ခြင်းဖြစ်ကြောင်း၊ ပုံမှန်ကာလတွင် ယခုအချိန် သည် ပထမအစမ်းစာမေးပွဲဖြေဆိုရသည့်ကာလဖြစ်ကြောင်း၊ သို့သော် အင်တာနက် အသုံးပြုခြင်း ဆိုင်ရာ အခက်အခဲများရှိနိုင်ကြောင်း၊ အင်တာနက်အသုံးမပြုနိုင်သူများအနေဖြင့် ရုပ်မြင်သံကြားနှင့် ရေဒီယိုမှ လေ့လာနိုင်ကြောင်း၎င်းဆိုသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.