ချုံချင်း၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင်းတိရစ္ဆာန်ရုံတွင် စက်တင်ဘာလ ၃၀ ရက်က ပန်ဒါကြီးမျိုး သားပေါက်လေးကောင်အား ပထမဆုံးအကြိမ် အများပြည်သူကို ပြသခဲ့ကြောင်း သိရသည်။
ပြုံယမ်း၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ နှင့် မြောက်ကိုရီးယားနိုင်ငံတို့ အောက်တိုဘာလ ၄ ရက်တွင် ပဏာမတွေ့ဆုံမှုပြုရန် နှင့်အလုပ်သဘောတွေ့ဆုံညှိနှိုင်းမှုကို အောက်တိုဘာလ ၅ ရက်တွင်ပြုလုပ်သွားရန် သဘောတူညီမှုရရှိခဲ့ပြီးဖြစ်ကြောင်း KCNAသတင်းဌာနက အောက်တိုဘာလ ၁ရက် တွင်ဖော်ပြခဲ့သည်။ (Xinhua)
ပေကျင်း၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ) နှစ်ပေါင်း ၁၀၀ကျော်မှ မျက်မှောက်ကာလအထိ တရုတ်နိုင်ငံ၏ မကောင်းသောကံကြမ္မာကြောင့်ဖြစ်ခဲ့သည့် ဆင်းရဲခြင်း နှင့် မခိုင်မာခြင်းတို့ ကြောင့် အနိုင်ကျင့်ခံရခြင်း နှင့် အရှက်ရခဲ့ခြင်းတို့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်ခြင်းကြောင့် ကံကြမ္မာကောင်းသို့လုံးဝပြောင်းလဲသွားစေခဲ့ကြောင်း တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က အောက်တိုဘာ ၁ရက်တွင်ပြောကြားခဲ့သည်။
ဂျာကာတာ၊အောက်တိုဘာ ၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံ ပူးပေါင်းတည်ဆောက်သည့် ဂျာကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့် ရထားလမ်း ပထမ တံတားအစိတ်အပိုင်း ကြီးကို စက်တင်ဘာ ၃၀ ရက်က အောင်မြင်စွာ ချိတ်ဆက်နိုင်ခဲ့ကြောင်း သိရသည်။
မော်စကို ၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ) ရုရုားနိုင်ငံ၏ မြို့တော် မော်စကို တွင် စက်တင်ဘာ ၃၀ ရက် က တရုတ် – ရုရှား သံတမန်ဆက်ဆံရေး နှစ် ၇၀ မြောက် နှစ်ပတ်လည်အထိမ်းအမှတ်အခမ်းအနားကျင်းပခဲ့ပြီး၊ အဆိုပါ အခမ်းအနားတွင် ရုရှား နိုင်ငံခြားရေးဝန်...