Connect with us

Politics, Law & Military

တရုတ်နိုင်ငံ ဝန်ကြီးချုပ်က HIV/AIDS ရောဂါ ကာကွယ်၊ ကုသရေး အလေးထားပြောကြား

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည် ဒီဇင်ဘာ ၁ ရက်တွင် ကျရောက်သော ကမ္ဘာ့ AIDS နေ့တွင် HIV/AIDS ရောဂါ ကာကွယ်ရေးနှင့် ကုသရေးအတွက် မရပ်မနား ကြိုးပမ်းအားထုတ်မှုများအတွက် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီဝင်ဖြစ်သူ လီသည် ယင်းကိစ္စနှင့် ဆက်စပ်၍ ညွှန်ကြားချက်တစ်ရပ်လည်း ထုတ်ပြန်ခဲ့သည်။

HIV/AIDS ကာကွယ်ရေးနှင့် ကုသရေးဆိုင်ရာ စနစ်နှင့် ဆက်စပ်သောလုပ်ထုံးလုပ်နည်းများ တိုးတက်စေရေး၊ သိပ္ပံ-နည်းပညာကို အလေးထားမှုရရှိရေးနှင့် ဆေးဝါးထောက်ပံ့မှု သေချာရေးများအတွက် လီက ပြောခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် လွန်ခဲ့သည့်ငါးနှစ်အတွင်း HIV/AIDS ရောဂါ ကာကွယ်ရေးနှင့် ကုသရေးတွင် အသိအမှတ်ပြုလောက်ဖွယ် တိုးတက်မှုရှိခဲ့သည်ကို ထပ်လောင်းပြောကြားလျက် HIV ရောဂါပိုး ပျံ့နှံ့မှု လျှော့ချရေး ကြိုးပမ်းမှုတွင် ပို၍ ကြိုးပမ်းအားထုတ်ကြရန် တိုက်တွန်းခဲ့သည်။

ထို့ပြင် အခက်အခဲရှိသော ရောဂါပိုး ကူးစက်ခံရသူများအား ငွေကြေးထောက်ပံ့မှုနှင့် လူသားချင်းစာနာထောက်ထားမှု ပေးအပ်ရန်နှင့် HIV/AIDS ကာကွယ်မှုတွင် လူ့အဖွဲ့အစည်း၏ အခန်းကဏ္ဍကို အပြည့်အဝပေးအပ်ရန် အရေးကြီးကြောင်းလည်း ဝန်ကြီးချုပ် လီခဲ့ချန်က မီးမောင်းထိုးပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.