ရန်ကုန်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် ၆၂လမ်းပေါ်ရှိ UAB ဘဏ်ခွဲတစ်ခုဖြစ်သော မန္တလေး(စက်မှုဇုန်) ဘဏ်ခွဲတွင် ယနေ့( အောက်တိုဘာ ၁၅ ရက်) ညနေပိုင်းက သေနတ်ကိုင်ဆောင်ထားသူတစ်ဦး လာရောက်ဓါးပြတိုက်ပြီး ကျပ် သိန်း၂၀၀ခန့် ယူဆောင်သွားကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးတစ်ဦးက ဆင်ဟွာသို့ပြောကြားသည်။
ဝူးလူမုချိ၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ဗို့အားအလွန်မြင့်မားသည့် ဓာတ်အားလိုင်းသစ် စတင်လည်ပတ်နေပြီဖြစ်ပြီး ဒေသတွင်း ၇၅၀ ကေဗီ ဓာတ်အားကွန်ရက် လွှမ်းခြုံနိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ အထိ မြန်မာတစ်နိုင်ငံလုံးတွင် တစ်အိမ်သုံးဆိုလာစနစ်ဖြင့် လျှပ်စစ်မီးအသုံးပြုနိုင်သည့်အိမ်ခြေပေါင်း ၄၀၃,၇၆၇ ရှိကြောင်း စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်တွင် ရေထွက်ကုန်ပစ္စည်း မက်ထရစ်တန် ၆၆၉,၆၈၅ ဒသမ ၂၉၁ တန်ကို ပြည်ပသို့ တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၈၅၃ ဒသမ ၁၃၆ သန်းရရှိကာ ယခင်ဘဏ္ဍာနှစ်ထက် မက်ထရစ်တန် ၈၆,၀၀၈ ဒသမ ၉၃၇...
မနီလာ ၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ၌ ယနေ့အောက်တိုဘာ ၁၅ ရက်တွင် COVID-19 ရောဂါ အတည်ပြုလူနာသစ် ၂,၂၆၁ ဦး ထပ်မံ စမ်းသပ်တွေ့ရှိခဲ့ရာ လက်ရှိအချိန်ထိ အတည်ပြုလူနာစုစုပေါင်း ၃၄၈,၆၉၈ ဦးထိ ရောက်ရှိလာခဲ့ကြောင်း သိရသည်။