Connect with us

Local

COVID-19 ဒုတိယလှိုင်းအစမှ ယနေ့အထိ ရန်ကုန်တိုင်းဒေသကြီးသို့ ရွှေကုန်ကြမ်းအသစ်ဝင်ရောက်ခြင်းမရှိကြောင်းဆို

ရွှေဆိုင်တစ်ဆိုင်တွင်ရွှေထည်ရောင်းချနေမှုအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

COVID-19 ဒုတိယလှိုင်းစတင်ဖြစ်ပွားသည့်အချိန်မှစ၍ ယနေ့အထိ ရန်ကုန်တိုင်းဒေသကြီးရွှေဈေးကွက်အတွင်းသို့ ရွှေကုန်ကြမ်းအသစ်အဝင်မရှိဘဲ နေ့စဉ် ပြန်လာရောင်းသည့်ရွှေများနှင့်သာ ဈေးကွက်အတွင်းတွင် လည်ပတ်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်ကဆင်ဟွာသို့ နိုဝင်ဘာ ၂၇ ရက်တွင်ပြောသည်။

“လာရောင်းတဲ့ အထည်တွေ က နေ့စဉ် ၁၅ ပိဿာ လောက်ရှိတယ်။ အဲဒါတွေကို ပြန်ကျိုပြီး အထည်သစ်ခတ်တယ်။ လူတွေလည်း အပြင်သိပ်မထွက်ရသေးတော့ ကုန်ကြမ်းမဝင်ပေမယ့် လည်ပတ်နိုင်တဲ့ အနေအထားရှိပါတယ်’’ ဟု၎င်းကဆက်ပြောသည်။

COVID-19 မတိုင်ခင်ပုံမှန်အချိန်များတွင် ရန်ကုန်တိုင်းဒေသကြီးသို့ မန္တလေးတိုင်းဒေသကြီး၊ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့ဘက်မှ ရွှေကုန်ကြမ်းများဝင်ရောက် ကြောင်းသိရသည်။

COVID-19 ကာလဖြစ်သောကြောင့် ရွှေလုပ်ကွက်တစ်ချို့လည်းရပ်နားထားရပြီး နယ်ကျော်ခွင့် ကန့်သတ်ချက်များရှိသောကြောင့် ရွှေကုန်ကြမ်းအဝင်ရပ်သွားရခြင်းဖြစ်ကြောင်း သိရသည်။ သပိတ်ကျင်း၊ စဉ့်ကူး၊ ကောလင်း၊ ဝန်းသို၊ ခန္တီးနှင့် ဟုမ္မလင်း မြို့များမှ ရွှေလုပ်ကွက်တစ်ချို့လည်း COVID-19 ကာလအတွင်း ရပ်နားထားရကြောင်း သိရသည်။

နိုဝင်ဘာ ၂၇ ရက် ၁၄း၂၇ နာရီတွင် မြန်မာ့ရွှေဈေးတစ်ကျပ်သားလျှင် ၁,၂၈၈,၀၀၀ ကျပ် ၊ ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် ၁၈၀၉ ဒေါ်လာရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.