ေမန္တလေး၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်တွင် ယနေ့(ဖေဖော်ဝါရီ ၁၃ ရက်)၌ နေအိမ် ၁၀လုံး မီးကူးစက်လောင်ကျွမ်းပြီး ကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနထံမှ သိရသည်။
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၃ ရက်(ဆင်ဟွာ) နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်သည် ယနေ့နံနက် နေပြည်တော်တွင် ကျင်းပခဲ့သည့် နေပြည်တော် ဗိုလ်ချုပ် အောင်ဆန်း ကြေးရုပ် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။
ခတ္တမန္ဒူ၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၌ နိုဗယ် ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးတွင် နီပေါ နိုင်ငံသားများကလည်း စည်းလုံးမှုရှိစွာ အတူပါရှိကြောင်း ဖော်ပြသည့်အနေဖြင့် နီပေါနိုင်ငံ၊ ခတ္တမန္ဒူမြို့တွင် ဖေဖော်ဝါရီ ၁၂ ရက်က “ကျွန်ုပ်တို့ အတူတကွရှိတယ်” ဟူသော ရည်ရွယ်ချက်ဖြင့် Trans Himalaya ဖွံ့ဖြိုးတိုးတက်မှုစင်တာနှင့်...
အန်ကာရာ ၊ ဖေဖော်ဝါရီ ၁၃ ရက်(ဆင်ဟွာ) တူရကီနိုင်ငံသမ္မတအာဒိုကန်က ဆီးရီးယားနိုင်ငံ Idlib ပြည်နယ်အတွင်းရှိ တူရကီစစ်သားများအား နောက်ထပ်တစ်ကြိမ် ပစ်မှတ်ထားတိုက်ခိုက်လာပါက “ မည်သည့်နေရာတွင်မဆို ” ဆီးရီးယားစစ်တပ်အား လက်တုံ့ပြန်တိုက်ခိုက်သွားမည်ဟု ဖေဖော်ဝါရီ ၁၂ ရက်တွင် ခြိမ်းခြောက် ပြောဆိုလိုက်သည်။
လျှို့ယန်၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံရှိ လျှို့ယန်မြို့တွင်း၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို ကာကွယ်ရန် ရာနှင့်ချီသည့် ထရပ်ကားများဖြင့် တစ်မြို့လုံးပိုးသတ်ဆေးဖြန်းခဲ့ သည်။ဖေဖော်ဝါရီ ၁၁ ညပိုင်းတွင် ပြုလုပ်ခဲ့သော အဆိုပါ ပိုးသတ်ဆေးဖြန်းလုပ်ငန်းစဉ်အတွက် လူပေါင်း ၆၀၀ ကျော်ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ (Xinhua)