မနီလာ၊ အောက်တိုဘာ ၆ ရက်(ဆင်ဟွာ) လေကြောင်းလုပ်ငန်းများ ကိုဗစ် ကပ်ရောဂါ ဂယက် ရိုက်ခတ်မှုကို ဆက်တိုက်ခံနေရသောကြောင့် ကုမ္ပဏီအနေဖြင့် ဝန်ထမ်း ၂,၇၀၀ ဦး၊ စုစုပေါင်း ဝန်ထမ်းအရေအတွက်၏ ၃၅ ရာခိုင်နှုန်းခန့် လျှော့ချသွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင်လေကြောင်းလိုင်းကုမ္ပဏီ(Philippine Airlines)က ပြီးခဲ့သည့်ရက်များတွင် ကြေညာခဲ့သည်။
ရန်ကုန် ၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် လိုင်စင်မဲ့မော်တော်ယာဉ်တစ်စီးအားရပ်တန့်စစ်ဆေးခဲ့ရာဆာလာအိတ်ဖြင့် ထည့်ထားသည့် ကျပ်သိန်း ၈,၄၀၀ ကျော် တန်ဖိုးရှိစိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိခဲ့ကြောင်းတပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန် ၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ) ပုဂံဒေသရှိ ငလျင်ဒဏ်သင့် ရှေးဟောင်းအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းမှုသည် လေးနှစ်ကျော်ကာလအတွင်း ရာခိုင်နှုန်းအားဖြင့် ၉၉ ရာခိုင်နှုန်း ပြီးစီးသွားပြီ ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက် ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်က ဆင်ဟွာသို့ ယနေ့...
ဟူစတန် ၊ အောက်တိုဘာ ၆ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ဟူစတန်မြို့၌ အောက်တိုဘာ ၅ ရက်တွင် အဆောက်အဦ လှေကားခွင်တစ်ခု ပြိုကျမှု ဖြစ်ပွားရာ အနည်းဆုံး လူသုံးဦး သေဆုံးပြီး အခြား တစ်ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြောကြားခဲ့သည်။
ကိုလံဘို၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ မြို့တော် ကိုလံဘိုပြင်ပတွင် လူအစုလိုက်အပြုံလိုက် ကူးစက်မှုမှ လူနာအသစ် ၁၀၀ ကျော်ရှိလာပြီးနောက် အောက်တိုဘာ ၅ ရက်တွင် ရောဂါဖြစ်ပွားသူဦးရေ ၃,၅၀၀ သို့ရောက်ရှိသွားခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။