Connect with us

Videos

တရုတ်နိုင်ငံ၏ အထင်ကရ မဟာတံတိုင်းကြီး၏ လှပသောရှုခင်း

အတွင်းမွန်ဂိုလီးယား၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ) ဘာသာပြန် နှင့် တည်းဖြတ်/စုဝင့်

တရုတ်နိုင်ငံ မြောက်ပိုင်း “အတွင်းမွန်ဂို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ”ရှိ ကွေ့ယန် ကောင်တီမှ မြင်တွေ့ရသည့် တရုတ်နိုင်ငံ၏ အထင်ကရ မဟာတံတိုင်းကြီး၏ လှပသော ရှုမျှော်ခင်းများကို ရိုက်ကူးတင်ဆက်ထားသည့် ရုပ်သံဖိုင်ဖြစ်ပါသည်။
မဟာတံတိုင်းကြီး၏ ယင်းအပိုင်းကို ချင်မင်းဆက် (၂၂၁-၂၀၆ ဘီစီ) လက်ထက်က ကြီးမားသောကျောက်တုံးကြီးများဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

ကွေ့ယန်ကောင်တီ ၏ အနောက်ဘက်မှ အရှေ့ဘက်ဆီသို့တောင်တန်းများတစ်လျှောက် တည်ဆောက်ထားသော မဟာတံတိုင်းကြီးသည် အရှည် ၉၅.၆ ကီလိုမီတာ ရှိပြီး မိုင်အနည်းငယ်အကွာတိုင်းတွင် ကင်းမျှော်စင်များ ထည့်သွင်း တည်ဆောက်ထားသည်။
တရုတ်နိုင်ငံ “အတွင်းမွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ”ရှိ မဟာတံတိုင်းကြီး၏ အရှည်သည် ၇,၅၇၉ ကီလိုမီတာ (သို့မဟုတ်) တံတိုင်းတစ်ခုလုံး၏ ၃၅ ရာခိုင်နှုန်း တည်ရှိသော ဒေသတစ်ခုဖြစ် ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.