Connect with us

Politics, Law & Military

တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ထံသို့ ဂုဏ်ပြုသဝဏ်လွှာပေးပို့

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် မြန်မာနိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ၂၀၁၉ခုနှစ် ဧပြီ ၂၄ ရက်က ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်ကြီးတွင် တွေ့ဆုံစဉ် (Xinhua/Wang Ye)

ပေကျင်း၊ နိုဝင်ဘာ ၁၇ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်  ရှီကျင့်ဖိန်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ထံသို့ ရွေးကောက်ပွဲ ထပ်မံအောင်နိုင်ခြင်း အတွက် ဝမ်းမြောက်ကြောင်း ဂုဏ်ပြုသဝဏ်လွှာတစ်စောင်ကို နိုဝင်ဘာ ၁၆ ရက်တွင် ပေးပို့ခဲ့ကြောင်း သိရသည်။

ယခုကာလများတွင် ကျင်းပသည့် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲသည် အောင်မြင်ချောမွေ့စွာပြီးမြောက်ခဲ့သည်ကို ဝမ်းမြောက်ဖွယ်ကြားသိရကြောင်း၊ အဆွေတော် ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)က အောင်မြင်မှု များစွာ ရရှိခဲ့သည့်အတွက် အဆွေတော်နှင့် မြန်မာနိုင်ငံပြည်သူလုထုအား ဝမ်းမြောက်စွာ ဂုဏ်ပြုပါကြောင်း၊ အဆွေတော်၏ ဦးဆောင်မှုဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)သည် နိုင်ငံစည်ပင်သာယာဖွံ့ဖြိုးတိုးတက်ရေးတွင် ကြီးမားသည့် အောင်မြင်မှုများ ရရှိမည်ဟု ယုံကြည်ပါကြောင်း ရှီ၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။

တရုတ်-မြန်မာ နှစ်နိုင်ငံသည် တောတောင်ရေမြေချင်းဆက်စပ်လျက်ရှိသလို ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး နက်ရှိုင်းသည့် အိမ်နီချင်းနိုင်ငံများဖြစ်ကြောင်း၊ ယခုနှစ်တွင် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးတည်ထောင်သည့် နှစ် (၇၀)ပြည့်အထိမ်းအမှတ်ကို အတူကျင်းပခဲ့ကြောင်း ၊ နှစ်ဆန်းပိုင်းက မိမိအနေဖြင့် မြန်မာနိုင်ငံသို့ နိုင်ငံတော်အလည်အပတ်ခရီးစဉ်သွားရောက်ခဲ့ရာ တရုတ်-မြန်မာ နှစ်နိုင်ငံ အေးတူပူအမျှအသိုက်အဝန်း အတူလက်တွဲတည်ဆောက်ရန် သဘောတူညီမှုများရရှိခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး၏ ခေတ်သစ်ကို ဖွင့်လှစ်နိုင်ခဲ့ကြောင်း ၊ ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားသည့်အခါ မိမိတို့ ပါတီ နှစ်ပါတီ နှင့် နိုင်ငံနှစ်နိုင်ငံသည် အပြန်အလှန် အားပေး ဖေးမကူညီခဲ့ကြရာ အေးတူပူအမျှ၊ တစ်လှေတည်းစီးတစ်ခရီးတည်းသွားကြသည့် ကံကြမ္မာတူ အကျိုးတူ အသိုက်အဝန်း စိတ်ဓါတ်အား လက်တွေ့လုပ်ဆောင်ချက်များက ဖွင့်လှစ်ပြသနိုင်ခဲ့ကြောင်း သဝဏ်လွှာတွင် ရေးသားထားသည်။

တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီနှင့် မြန်မာနိုင်ငံအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့၏ ချစ်ကြည်ရင်းနှီးသည့်ဆက်ဆံရေးကို ထိန်းသိမ်းထားခြင်းသည် နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ပါတီနှစ်ပါတီ၊ နိုင်ငံနှစ်နိုင်ငံ ဆက်ဆံရေးကို အထူးအလေးထားကြောင်း ရှီ၏ ဂုဏ်ပြုသဝဏ်လွှာတွင် အလေးထားရေးသားဖော်ပြထားသည်။

 ရှီကျင့်ဖိန်က မိမိအနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပါတီနှင့်ပါတီ၊နိုင်ငံနှင့်နိုင်ငံ ဆက်ဆံရေး၏ နိုင်ငံရေးဦးဆောင်မှုကို တိုးမြှင့်ကာ အပြန်အလှန်သင်ယူလေ့လာဖလှယ်မှုများကို နက်ရှိုင်းအောင် ကြိုးပမ်းဆောင်ရွက်သွားလိုကြောင်း၊ “ရပ်ဝန်းနှင့်ပိုးလမ်းမ”ကို အတူလက်တွဲတည်ဆောက်ကာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံမူဘောင်အောက်ရှိ ကဏ္ဍစုံ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ပြီး နယ်စပ်ဒေသအေးချမ်းသာယာရေးကို ထိန်းသိမ်းစောင့်ရှောက်၍ တရုတ်-မြန်မာ အေးတူပူအမျှအသိုက်အဝန်း အောင်မြင်မှု ရလဒ်ကောင်းများ ရရှိနိုင်ရန် ၊ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားပိုမိုဖြစ်ထွန်းစေရန် တွန်းအားပေး ဆောင်ရွက်သွားလိုကြောင်း ရှီ၏ ဂုဏ်ပြုသဝဏ်လွှာတွင် ဖော်ပြရေးသားထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.