ဆန်တီယာဂို၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နှင့် ဗင်နီဇွဲလားနိုင်ငံတို့သည် ၎င်းတို့၏ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး နက်ရှိုင်းလာစေရန် ဆန္ဒရှိကြောင်း နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများက ဇန်နဝါရီ ၂၂ရက်တွင် ဆန်တီယာဂိုမြို့ ၌တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
ဘဂ္ဂဒက် ၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) အီရတ် နိုင်ငံ လုံခြုံရေး ဌာန တာဝန်ရှိသူ က အီရတ် နိုင်ငံ မြောက်ပိုင်း Kirkuk ပြည်နယ် တွင် ရဲတပ်ဖွဲ့ က နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာတွင် IS အစွန်းရောက် လက်နက်ကိုင် အဖွဲ့ဝင်...
ရန်ကုန်၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)စာချုပ်တွင် မွန်ပြည်သစ်ပါတီ(NMSP)နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)တို့ မကြာခင် လက်မှတ်ရေးထိုးမည်ဟု ဇန်နဝါရီ ၂၃ရက်နေ့က အစိုးရနှင့် ပူးတွဲ သတင်းထုတ်ပြန်လိုက်သည်။
ဂျကာတာ၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ ယနေ့ဇန်နဝါရီ ၂၃ရက် တွင် အင်အား ၆.၁ ပမာဏရှိသည့် ငလျင်ပြင်းတစ်ခု လှုပ်ခတ်သွားခဲ့သော်လည်း ဆူနာမီဖြစ်ပေါ်လာနိုင်ခြေ မရှိကြောင်း မိုးလေဝသ နှင့် ဘူမိရူပဗေဒဋ္ဌာန မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ Dedi Sugianto ကပြောကြားခဲ့သည်။
နယူးဒေလီ၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဂူဂျာရက်ပြည်နယ်တွင် ၂၀၀၈ခုနှစ်ကဖြစ်ပွားခဲ့သော ဗုံးဖောက်ခွဲမှုများနှင့် ဆက်စပ်၍ အိန္ဒိယနိုင်ငံတွင် အလိုရှိဆုံး ရာဇဝတ်ကောင်များအနက် တစ်ဦးဖြစ်သည့် Abdul Subhan Qureshi alias Tauqeer အား ဖမ်းဆီးနိုင်ခဲ့ကြောင်း ဒေလီရဲတပ်ဖွဲ့က ဇန်နဝါရီ ၂၂ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။