နေပြည်တော်၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ) မူးယစ်ဆေးဖမ်းဆီးရမှုများအပေါ် သတင်းပေးသူ၊ ဖမ်းဆီးသူများ ဆုကြေးရရှိသည့်အခါ ဆုငွေ ကျပ် သိန်းတစ်ရာထက် ပိုမိုရရှိခဲ့လျှင် အခွန်ပေးဆောင်ရမည်ဟု ပြဌာန်းထားသော လက်ရှိ ဥပဒေကို ၂၀၁၈ – ၁၉ ဘဏ္ဍာနှစ် ဘတ်ဂျက် ဥပဒေကြမ်းတွင် ပြင်ဆင်လိုက်သည့် အတွက် ဆုကြေး...
နေပြည်တော်၊ သြဂုတ် ၂၄ ရက်(ဆင်ဟွာ) နေပြည်တော်တွင် ၁၉၈၈ – ၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၈ ဇူလိုင်လအထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၆၃ ဒသမ ၂၉၉ သန်းဖိုး ရှိကြောင်း နေပြည်တော် ကောင်စီဝင် ဦးအောင်မြင့်ထွန်း ယနေ့ ပြောကြားခဲ့သည်။
ဆန်ဖရန်စစ္စကို ၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ) အမေရိကန် နိုင်ငံ Alaska ပြည်နယ် Tanaga မီးတောင် အနီးတွင် သြဂုတ်လ ၂၂ ရက် ညပိုင်း အချိန်တွင် ပြင်းအား ၆.၃ အဆင့်ရှိ ငလျင် လှုပ်ခတ်ခဲ့ပြီး သြဂုတ်လ ၂၃ ရက်...
ဆိုးလ်၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ အယူခံတရားရုံးတစ်ခု က သြဂုတ် ၂၄ ရက်တွင် တောင်ကိုရီးယားသမ္မတဟောင်း ပက်ဂွမ်ဟေးအား လာဘ်ပေးလာဘ်ယူမှုများ အပါအဝင် အကျင့်ပျက်ခြစားမှု စွဲချက်များဖြင့် ထောင်ဒဏ် ၂၅နှစ်အထိ တိုးမြှင့်ချမှတ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ) မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော်ရပ်ကွက်တွင် သြဂုတ်လ ၂၃ ရက် နံနက်ပိုင်းက မိုးရွာသွန်းပြီး တောင်ကျရေများ စီးဆင်း လာသောကြောင့် ရန်ကုန်-မော်လမြိုင် ကားလမ်းမပေါ် ရေကျော်မှုဖြစ်ပွားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ယနေ့သတင်းထုတ်ပြန်သည်။