Connect with us

Videos

တစ်ကမ္ဘာလုံး COVID-19 ဖြစ်ပွားမှု စုစုပေါင်း သန်း ၅၀ ကျော်လာ၊ ပူးပေါင်းဆောင်ရွက်မှုများပိုမိုလုပ်ဆောင်ရန် ကျွမ်းကျင်သူများဆို

ပေကျင်း၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ) ဘာသာပြန်နှင့် တည်းဖြတ် / စုဝင့်

လက်ရှိတွင် တစ်ကမ္ဘာလုံး ၌ COVID-19 ဖြစ်ပွားမှု စုစုပေါင်း သန်း ၅၀ ကျော်လာပြီးနောက် နိုင်ငံနှင့် ဒေသအသီးသီးတွင် လူမှုရေးနှင့် စီးပွားရေး ထိခိုက်မှုများအားလျှော့ချရေးအတွက် ကပ်ရောဂါ တိုက်ဖျက်ရေး ကို ကဏ္ဍပေါင်းစုံပိုမိုပူးပေါင်းဆောင်ရွက်ကြရန် ကျွမ်းကျင်သူများကဆိုသည်။

WHO ညွှန်ကြားရေးမှူးချုပ် တက်ဒရော့က “ကျွန်တော်တို့မှာ ကြီးမားတဲ့စိန်ခေါ်မှုတွေရှိနေပါတယ်၊ ဒါပေမဲ့ ဒါက ကျွန်တော်တို့ရင်ဆိုင်ရတဲ့ပထမဆုံး စိန်ခေါ်မှုတော့လည်းမဟုတ်ပါဘူး၊ ပြီးတော့ ဒီစိန်ခေါ်မှုနဲ့တင်လည်းပြီးသွားမှာမဟုတ်ပါဘူး၊ ကျွန်တော်တို့ ကပ်ရောဂါအကြောင်းနေ့စဉ်ဆိုသလို တစ်မျိုးပြီးတစ်မျိုးလေ့လာနေရပါတယ်၊ ဒါကိုဘယ်လိုကိုင်တွယ်မယ်ဆိုတာ ကျွန်တော်တို့အပေါ်မှာပဲ မူတည်ပါတယ်၊ပြီးခဲ့တဲ့ နှစ်ကတည်းကနေ အခုအချိန်အထိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် တစ်ကမ္ဘာလုံး စည်းလုံးညီညွတ်စွာနဲ့ ကဏ္ဍပေါင်းစုံပူးပေါင်းဆောင်ရွက်မှု ရဲ့ အရေးကြီးလှပုံကို ကျွန်တော်ထပ်ခါတလဲလဲပြောခဲ့ပြီးပါပြီ၊ ထပ်ပြီးတော့ ဒီကပ်ရောဂါဟာ အဲဒီအယူအဆတွေကို ပိုမိုခိုင်မာစေခဲ့ပါပြီ ဒါဟာ ရှင်သန်ခြင်း ဒါမှမဟုတ် သေဆုံးခြင်း နဲ့ သက်ဆိုင်နေပါတယ်” ဟုဆိုသည်။

မွန်ဘိုင်းမြို့ရှိ သုတေသနဖောင်ဒေးရှင်း ဥက္ကဌဟောင်း Sudheendra Kulkarni က “တစ်ကမ္ဘာလုံး ပူးပေါင်းဆောင်ရွက်မှုနှင့် လက်တွဲဆောင်ရွက်ပြီး ကျယ်ပြန့်စွာပြန့်နှံ့နေတဲ့ ကပ်ရောဂါကို တိုက်ဖျက်ရပါမယ်၊ ဒီအချိန်ဟာဆိုရင် တစ်ကမ္ဘာလုံး စည်းလုံးညီညွတ်ရမယ့်အချိန်ရောက်ပါပြီ” ဟုဆိုသည်။

ပါကစ္စတန်နိုင်ငံ၏ ပထဝီနိုင်ငံရေးကျွမ်းကျင်သူ အငြိမ်းစား ဗိုလ်မှူးချုပ် Abdul Rehman Tarar က “ နိုင်ငံများအားလုံး အတွေ့အကြုံတွေ၊ သုတေသနဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ အခြား ကဏ္ဍများစွာမှာ အချင်းချင်း မျှဝေကာ အကျိုးကျေးဇူး ရရှိနိုင်ပါတယ်၊ ဒီတော့ ကမ္ဘာကြီးမှာ အတူတကွ ပူးပေါင်းကာ ကပ်ရောဂါကိုတိုက်ဖျက်ဖို့လိုအပ်နေပြီလို့ ကျွန်တော်က ထင်မြင်ယူဆမိပါတယ်”
နိုဝင်ဘာ ၃ ရက်နေ့အထိ တစ်ကမ္ဘာလုံးတွင် COVID-19 ကာကွယ်ဆေးအမျိုးပေါင်း ၂၀၂ မျိုး စမ်းသပ်လျက်ရှိပြီး ၎င်းတို့ထဲတွင် ၄၇ မျိုးမှာ စမ်းသပ်ထုတ်လုပ်သည့်အဆင့်သို့ရောက်ရှိပြီဖြစ်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.