Connect with us

News

အိမ်ဖြူတော် နိုင်ငံရေးရာအကြီးအကဲ Brian Jack ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ အိမ်ဖြူတော်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

အိမ်ဖြူတော် နိုင်ငံရေးရာ ညွှန်ကြားရေးမှူး Brian Jack သည် အိမ်ဖြူတော်၌ ရွေးကောက်ပွဲနေ့ညပိုင်းအစီအစဉ်သို့ တက်ရောက်ပြီးနောက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း အမေရိကန် မီဒီယာက နိုဝင်ဘာ ၁၁ ရက်တွင် သတင်းဖော်ပြခဲ့သည်။

Jack သည် ပြီးခဲ့သည့်ရုံးပိတ်ရက်အတွင်း စစ်ဆေးခဲ့ရာ ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း New York Times သို့ ပြောကြားခဲ့သည့် သတင်းရင်းမြစ်များအရ သိရသည်။ Jack ၌ ရောဂါပိုးတွေ့ရှိခြင်းအပေါ် မှတ်ချက်ပေးရန် အိမ်ဖြူတော်က ငြင်းဆိုထားသော်လည်း ရောဂါပိုးတွေ့ရှိသည်မှာ “စိုးရိမ်ဖွယ်” ဖြစ်ကြောင်း မီဒီယာသတင်းများအရ သိရသည်။

အိမ်ဖြူတော် အရာရှိချုပ် Mark Meadows ၊ အိမ်ရာနှင့် မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Ben Carson နှင့် အကြံပေး David Bossie တို့အားလုံးလည်း နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲနေ့ပြီးနောက် ရောဂါကူးစက်ခံခဲ့ရကြောင်း သတင်းများက ဆိုသည်။ (Xinhua)