ရန်ကုန်၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ) ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံကို COVID-19 ရာဂါအတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်သည့် အခြေအနေတွင် New Normal ပုံစံဖြင့်ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံကျင်းပရေးဗဟိုကော်မတီ အစည်းအဝေးထံမှ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ) COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေး ကာလအတွင်း စီးပွားရေး လုပ်ငန်းများ အခက်အခဲဖြစ်ကာ မြန်မာနိုင်ငံတွင် လက်ရှိကာလအထိ စက်ရုံ၊ အလုပ်ရုံနှင့် အလုပ်ဌာန အချို့ ပိတ်သိမ်းခဲ့ရသည့် အတွက် အလုပ်လက်မဲ့ဦးရေ တစ်သိန်းခွဲခန့်အထိ ရှိလာကြောင်း အလုပ်သမား၊...
ရန်ကုန်၊ဇူလိုင် ၁ ရက်(ဆင်ဟွာ) အလုပ်သမားညွှန်ကြားရေးဦးစီးဌာန အနေဖြင့် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ပုံစံဖြင့် မေလအတွင်း ကျား ၂,၁၄၄ ဦး၊ မ ၄,၈၂၆ ဦးတို့အတွက် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် စုစုပေါင်း ၆,၉၇၀ ခု ချုပ်ဆိုနိုင်ခဲ့ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဟောင်ကောင်၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ) ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) အစိုးရ တရားရေးဝန်ကြီး Teresa Cheng က ဟောင်ကောင်၌ အမျိုးသားလုံခြုံရေး ထိန်းသိမ်းစောင့်ရှောက်မှုဥပဒေ အတည်ပြုပြဌာန်းခြင်းအပေါ် ကြိုဆိုကြောင်း ဇွန် ၃၀ ရက်တွင် ပြောကြားခဲ့သည်။
ဝါရှင်တန် ၊ ဇူလိုင် ၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံအစိုးရ၏ ထိပ်တန်း ကူးစက်ရောဂါကျွမ်းကျင်ပညာရှင် အန်တိုနီယိုဖော့စီ(Anthony Fauci) က လက်ရှိကူးစက်မှုနှုန်း အနေအထားသည် အလှည့်အပြောင်း မဖြစ်ပေါ်ခဲ့ပါက အမေရိကန်နိုင်ငံတွင် တစ်ရက်လျှင် COVID-19 ကူးစက်ခံရသူ တစ်သိန်းထိ ဖြစ်လာနိုင်ကြောင်း ဇွန် ၃၀ ရက်တွင် သတိပေးပြောကြားလိုက်သည်။