Connect with us

Videos

Xiaomi စမတ်ဖုန်းများ အိန္ဒိယစမတ်ဖုန်းဈေးကွက်တွင်ထိပ်ဆုံးနေရာယူ

ပေကျင်း၊ နိုဝင်ဘာ ၁၀ ရက်(ဆင်ဟွာ) ဘာသာပြန်နှင့်တည်းဖြတ် /စုဝင့်

စမတ်ဖုန်းဈေးကွက်တွင်နာမည်ကျော်ကြားသည့် တရုတ်နိုင်ငံ ၏ Xiaomi စမတ်ဖုန်းများသည် အိန္ဒိယ နိုင်ငံ ၏ စမတ်ဖုန်းဈေးကွက်တွင်လည်း ဇူလိုင်လမှ စက်တင်ဘာလအတွင်းအရောင်းရဆုံးဖုန်းအမှတ်တံဆိပ်အဖြစ် လူကြိုက်များလျက်ရှိကြောင်းသိရသည်။

အိန္ဒိယနိုင်ငံ ၏ စမတ်ဖုန်းဈေးကွက်တွင် ပြီးခဲ့သည့်နှစ် အလားတူ ကာလထက် ၁၇ ရာခိုင်နှုန်းခန့်တိုးတက်လာခဲ့ကြောင်း International Data Corporation (IDC) ၏ ထုတ်ပြန်ချက်အရသိရသည်။ ဈေးကွက်အတွင်း တရုတ်နိုင်ငံထုတ် Xiaomi ဖုန်းက ထိပ်တန်းမှနေရာယူထားပြီး တစ်နှစ်ထက် တစ်နှစ် တင်ပို့မှုများမှာ ၇ ရာခိုင်နှုန်းခန့်တိုးမြင့်လာခဲ့သည်။ 5G စမတ်ဖုန်း အလုံးရေ ၁ သန်းနီးပါး သင်္ဘောတင်ပို့ထားခဲ့ပြီးအဆိုပါ 5G ဖုန်းများမှာ ဈေးကွက်အတွင်းတရားဝင်ရောင်းချမှုမပြုလုပ် ရသေးကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.