Connect with us

Videos

COVID -19 ကို ၁၅ မိနစ်အတွင်း စစ်ဆေးပေးနိုင်မည့် ကိရိယာတီထွင်

ရှန်ဟိုင်း၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ) ဘာသာပြန်နှင့်တည်းဖြတ်/စုဝင့်

COVID -19 ရောဂါရှိ/မရှိကို အချိန် ၁၅ မိနစ်အတွင်း စစ်ဆေးပေးနိုင်မည့် စမ်းသပ် ကိရိယာကို တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ တွင်ပြသခဲ့ကြောင်းသိရသည်။ ၎င်း ကိရိယာသည် အရွယ်အစား သေးငယ်ပြီး ရှန်ဟိုင်းအခြေစိုက် ဆေးဝါးပစ္စည်းများထုတ်လုပ်ရေးလုပ်ငန်းတစ်ခုက တီထွင်ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ ၎င်းကိရိယာသည် ဗိုင်းရပ်စ်တွင်ပါဝင်သည့် S protein ကို ရှာဖွေ စစ်ဆေးပေးနိုင်ကြောင်း သိရသည်။

အဆိုပါကိရိယာအားထုတ်လုပ်သည့် XLEMENT ကုမ္ပဏီမှ အလုပ်အမှုဆောင် ဥက္ကဌ Xu Hao က “ ကျွန်တော်တို့ COVID-19 ကို စစ်ဆေးမယ်ဆိုရင် နမူနာကို တစ်ခါသုံးချစ်ပ်ပြားလေးပါတဲ့ ဒီပစ္စည်းပေါ်ကို အစက်ချပြီး အခုပြထားတဲ့ စက်လေးထဲကို ထည့်လိုက်ရုံပါပဲ၊ ဒီစက်လေးကို မိသားစု သုံး ပုံစံမျိုးနဲ့ လွယ်ကူစွာသုံးစွဲနိုင်အောင်ထုတ်လုပ်ထားတာပါ၊ ကျွန်တော်တို့ရဲ့ အဓိက နည်းပညာကတော့ ဒီစစ်ဆေးတဲ့အပြားလေးထဲထည့်ထားတာပါ၊ ပြီးတော့ start ကို နှိပ်လိုက်လို့ရှိရင် COVID-19 ရှိမရှိ စတင်စစ်ဆေးနိုင်ပါပြီ၊ အချိန် ၅ မိနစ်အတွင်းမှာ ကနဦးရလဒ်ကို စက်မှာဖော်ပြပါလိမ့်မယ် ၁၅ မိနစ်အကြာမှာတော့ တိကျတဲ့အဖြေထွက်လာမှာပါ၊ ကျွန်တော်တို့ အချက်အလက်တွေရရှိပြီးတာနဲ့ အဲဒီလူဟာ positive လား negative လားဆိုတာသိရမှာပါ” ဟုဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.