ရန်ကုန် ၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ) မြန်မာ့ကျောက်မျက် ရတနာ နှင့် အချောထည် ဈေးကွက် အောင်မြင် စေရန် ရည်ရွယ် ကျင်းပသည့် ရန်ကုန် အပြည်ပြည် ဆိုင်ရာ ကျောက်မျက် ရတနာ နှင့် လက်ဝတ် ရတနာ အချောထည် ပြပွဲ ၂၀၁၈ အား...
ကျန်းစု၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအရှေ့ပိုင်းကျန်းစုပြည်နယ် တိုင်ဟူကန်ကြီး၏ အောက်ခြေမှ စတင်ကာ အရှည်ဆုံးရေအောက် အဝေးပြေးလမ်း စတင်ဖောက်လုပ်လျက်ရှိပြီဖြစ်သည်။ ၎င်းမှာ နိုင်ငံအတွင်းရေအောက်အဝေးပြေးလမ်းများ ထဲတွင် အရှည်ဆုံးနှင့်အကျယ်ဆုံးလမ်းဖြစ်မည်ဟုသိရသည်။ တစ်နာရီလျင်အမြန်နှုန်း ကီလိုမီတာ ၁ဝဝ အထိသွားလာနိုင်မည့်အဆိုပါအဝေးပြေးလမ်းကို ၂ဝ၂၁ ခုနှစ်တွင်ဖွင့်လှစ်မည်ဟု စီစဉ်ထားကြသည်။ ကန်အောက်ခြေတွင်ဖောက်လုပ်ရသောကြောင့်သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနည်းနိုင်သမျှ အနည်းဆုံးဖြစ်အောင်ဆောင်ရွက်ကာဖောက်လုပ်မည်ဟုအင်ဂျင်နီယာများကဆိုသည်။ (Xinhua)
ရန်ကုန်၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ) ကိုရီးယား-မြန်မာချစ်ကြည်ရေး(ဒလ)တံတားတည်ဆောက်ခြင်းကို ခန့်မှန်းကာလ ၂ဝ၁၈ ခုနှစ် ဧပြီလ၌ စတင်၍ မေလ ပထမပတ်တွင် တံတားပန္နက်တင်ခြင်း မင်္ဂလာအခမ်းအနားကို ကျင်းပ ပြုလုပ်သွားရန် ရည်ရွယ်ထားပြီး အစီအစဉ်ရေးဆွဲထားပြီးဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန် ၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ) နိုင်ငံ အတွင်း ကျောက်မျက် ရတနာ နှင့် အချောထည် ဈေးကွက် အောင်မြင်စွာ ဖြစ်ထွန်းစေရေး ရည်ရွယ်ချက် များဖြင့် ရန်ကုန် အပြည်ပြည် ဆိုင်ရာ ကျောက်မျက် ရတနာ နှင့် လက်ဝတ် ရတနာ အချောထည် ပြပွဲ...