ရန်ကုန်၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၀ ပြည့်နှစ် သြဂုတ်လအတွင်း ယာဉ်မတော်တဆမှု ၁,၁၆၉ မှုဖြစ်ပွားပြီး လူ ၃၇၂ ဦးသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှသိရသည်။
ရန်ကုန် ၊ စက်တင်ဘာ ၂၈ ရက်(ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ်၌ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် ယာဉ်တစ်စီးပေါ်မှ ငွေကျပ်သိန်း ၃၀,၂၄၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးအလွဲသုံးစွဲမှု ထိန်းချုပ်ရေးဗဟိုကော်မတီ (CCDAC Myanmar)က ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန် ၊ စက်တင်ဘာ ၂၈ ရက်(ဆင်ဟွာ) ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်း စက်တင်ဘာ ၂၁ ရက်မှ ၂၇ ရက်အထိ ရက်သတ္တပတ်အတွင်း တရားမဝင်ကျွန်း ၊ သစ်မာ ၊အခြားသစ် စုစုပေါင်း ၇၇ ဒသမ ၀၅၈၁ တန်ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနထံမှ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံအတွင်းရှိ မြစ်ချောင်းဒေသများ၌ ယခုနှစ်အတွင်း မြန်မာ့ရေချိုငါးမျိုးစိတ်သစ် ၁၀ မျိုးတွေ့ရှိထားကြောင်း အပြည်ပြည် ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင် အဖွဲ့(မြန်မာ)FFIထံမှ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်း ဘဏ်ဝန်ထမ်းများ သည် QR Code registration လုပ်ရန်မလိုဘဲ ဘဏ်ထောက်ခံစာဖြင့် သွားလာနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီးစီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီး ဦးရဲမင်းဦးက ပြောကြားသည်။ “ဘဏ်တွင်တာဝန်ထမ်းဆောင်နေကြောင်း ဘဏ်ရဲ့ တရားဝင် ထောက်ခံစာဖြင့် ရန်ကုန်မြို့တွင်း သွားလာလို့ရပါတယ်။သီးခြား ထောက်ခံစာ ယူရန်...