ရန်ကုန်၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်တွင် ရွှေကျင်မြစ်ရေ စိုးရိမ်ရေမှတ် သို့ကျော်လွန်လျက်ရှိနေသည့်အတွက် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူး သတိပြုနေထိုင်ကြရန် မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက စက်တင်ဘာ ၉ ရက်တွင် သတင်းထုတ်ပြန်သည်။
ပါရီ၊ စက်တင်ဘာ ၉ ရက်(ဆင်ဟွာ) ယခုနှစ်နွေရာသီအပူချိန်ပြင်းထန်မှုကြောင့် ပြင်သစ်တစ်နိုင်ငံလုံး၌ သေဆုံးသူ ၁,၅၀၀ ခန့် ရှိကြောင်း ပြင်သစ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာ ၈ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ဘဂ္ဂဒက်၊စက်တင်ဘာ ၉ ရက်(ဆင်ဟွာ) အီရတ်နိုင်ငံမြောက်ပိုင်း Nineveh ပြည်နယ်၌ စက်တင်ဘာ ၈ ရက်တွင် အမေရိကန်ဦးဆောင်သောတပ်ဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုအတွင်း (IS) အိုင်အက်စ်အစွန်းရောက် အစ္စလာမ်မစ်တပ်ဖွဲ့ဝင် ၈ ဦးသေဆုံးခဲ့ကြောင်း အီရတ်စစ်တပ်၏ ထုတ်ပြန်ချက် အရသိရသည်။
ဝါရှင်တန် ၊ စက်တင်ဘာ ၉ ရက်(ဆင်ဟွာ) အမေရိကန် နိုင်ငံ ဂျော်ဂျီယာ ပြည်နယ်၏ ကမ်းလွန်၌ ကုန်တင် သင်္ဘော တစ်စင်း တိမ်းမှောက်မှု ဖြစ်ပွားခဲ့ ပြီးနောက် ပျောက်ဆုံးနေသည့် လူလေးဦးအား ရှာဖွေရေး လုပ်ငန်းများ ဆောင်ရွက်နေကြောင်း အမေရိကန် ကမ်းခြေစောင့် တပ်ဖွဲ့က စက်တင်ဘာ ၈...
တိုကျို၊ စက်တင်ဘာ ၉ ရက်(ဆင်ဟွာ) အားကောင်းသော တိုင်ဖွန်းမုန်တိုင်း Faxaiသည် စက်တင်ဘာ ၉ ရက် နံနက်ပိုင်းတွင် ဂျပန်နိုင်ငံ Chibaစီရင်စုသို့ ဝင်ရောက်တိုက်ခတ်ခဲ့ကြောင်း သိရသည်။