Connect with us

Environment, Disasters & Accidents

နေပြည်တော်-မန္တလေးဘက်ခြမ်း အမြန်လမ်းမကြီးပေါ် မြေကျွံမှုဖြစ်ပွား

မြေကျွံမှုဖြစ်ပွားပြီးနောက်တွေ့ရစဉ် (ဓာတ်ပုံ-အမြန်လမ်းမကြီးမီးသတ်တပ်ဖွဲ့ကွပ်ကဲမှုရုံး)

ရန်ကုန်၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

နေပြည်တော်-မန္တလေးဘက်ခြမ်း အမြန်လမ်းမကြီးမိုင်တိုင် ၃၁၀/၀ ဖာလုံနှင့် ၃၁၀/၁ ဖာလုံကြားတွင် နိုဝင်ဘာ ၆ ရက် နေ့လည် ၁၁:၄၀ နာရီတွင် လမ်းမကြီး မြေကျွံမှုဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါမြေကျွံမှုအား ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း အမြန်လမ်းမကြီးမီးသတ်တပ်ဖွဲ့ကွပ်ကဲမှုရုံးမှ ဒုမီးသတ်ဦးစီးမှူး တစ်ဦးက ဆင်ဟွာသို့နိုဝင်ဘာ ၇ ရက်တွင် ပြောကြားခဲ့သည်။

“နောက်ဆုံးအနေအထားက လက်ရှိမှာ ဆောက်လုပ်ရေးဘက်က ပြင်ဆင်မှုတွေ ဆောင်ရွက်နေပါတယ်။အခုအထိက ပြင်ဆင်နေတုန်းပဲ ရှိပါသေးတယ်။ ကုန်ပေါ်မူတည်ပြီး အရှိန်လျှော့မောင်းကြပါ။ အခုက ရာသီဥတုကလည်းနေ့တိုင်းမိုးရွာနေတယ်။ ဘေးမှာပဲ လမ်းလွှဲပုံစံလုပ်ပေးထားတယ်။ ဖြစ်စဉ်က လမ်းလယ်ကျွန်းရေလွှဲကနေပြီး အောက်ပိုင်းမှာခံထားတဲ့ ရေပြွန်ကကွဲသွားပြီးတော့ မိုးရေချိန်များတော့ ကွဲပြီးမြေကျွံသွားတာဖြစ်ပါတယ်’’ ဟု ၎င်းကဆိုသည်။

မြေကျွံမှုဖြစ်ပွားသည့် အကျယ်အဝန်းမှာ အလျား ၆၅ ပေ၊ အနံ ပေ ၅၀၊ ထု ၄ လက်မမှ ၆ လက်မခန့် ရှိကြောင်း သိရသည်။လက်ရှိတွင် မော်တော်ယာဉ်များအတွက် ယာယီရှောင်လမ်း ပြုလုပ်ပေးထားကြောင်းနှင့် အဆိုပါနေရာ မရောက်မှီ ယာဉ်များအား အရှိန်ထိန်းမောင်းနှင်ကြရန် ဒုမီးသတ်ဦးစီးမှူးက အကြံပြုပြောကြားခဲ့သည်။ COVID-19 ရောဂါကာကွယ် တားဆီးရေးအချိန်ဖြစ်သောကြောင့် လက်ရှိတွင် အမြန်လမ်းမကြီးပေါ်၌ ကုန်ကားများသာ သွားလာလျက်ရှိကြောင်း သိရသည်။

“ကုန်တင်ကားတွေ အများစုသွားကြတဲ့ အချိန်ဖြစ်လို့ သတ်မှတ်မိုင်နှုန်းအရှိန်နှုန်းအတိုင်း ကုန်ပေါ်မူတည်ပြီး အရှိန်လျှော့မောင်းကြပါ။ အခုနောက်ပိုင်း အရှိန်လွန်ဖြစ်စဉ်တွေ ခဏခဏဖြစ်တယ်။ အမြန်လမ်းမကြီးဘေးမှ ရပ်ရင်တောင် အမြန်လမ်းမကြီးဘေးရဲ့မြေသားတွေက သူတို့ကုန်ပစ္စည်းကုန်တွေကို ခံနိုင်ရည်မရှိတော့ မြေကျွံမှုတွေခဏခဏဖြစ်တယ်။ ယာဉ်မောင်းများအနေနဲ့ အဲဒီကိစ္စ ကို သတိထားပြီးဆောင်ရွက်စေချင်တယ်။’’ ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.