ရန်ကုန်၊ ဒီဇင်ဘာ ၁၄ ရက်(ဆင်ဟွာ) ရန်ကုန်မြို့ဗဟိုအမျိုးသမီးဆေးရုံကြီး ၌ တတိယမြောက် ဖန်ပြွန် သန္ဓေသား အောင်မြင်စွာမွေးဖွားနိုင်ခဲ့ကြောင်း ဗဟိုအမျိုးသမီးဆေးရုံကြီးမှ သိရသည်။
နေပြည်တော်၊ ဒီဇင်ဘာ ၂၄ ရက်(ဆင်ဟွာ) အပြည်ပြည်ဆိုင်ရာတရားရုံး၌ လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်အတွက် ဂမ်ဘီယာနိုင်ငံနှင့်အတူ ICJ တရားရုံး၌ ကြားနာရာတွင် သွားရောက်လျှောက်လဲခဲ့သည့် နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီးဒေါ်အောင်ဆန်းစုကြည်သည် နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့မှ ယနေ့ မွန်းလွဲပိုင်းက နေပြည်တော်သို့ ပြန်လည်ရောက်ရှိလာခဲ့ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်များ အပါအဝင် ပြည်သူများစွာ ကြိုဆိုခဲ့ကြသည်။
ဘန်ကောက်၊ ဒီဇင်ဘာ ၁၄ ရက် (ဆင်ဟွာ) ထိုင်း ရိုးရာအနှိပ်ပညာကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) က ရိုးရာယဉ်ကျေးမှု အမွေအနှစ် (Intangible Cultural Heritages) စာရင်းတွင် တရားဝင်ထည့်သွင်းလိုက်ကြောင်း ထိုင်းနိုင်ငံ ယဉ်ကျေးမှုဝန်ကြီး အစ်သီဖိုလ် ခွန်ပလွမ် (Itthiphol Kunplome)...
ရန်ကုန်၊ ဒီဇင်ဘာ ၁၄ ရက် (ဆင်ဟွာ) တိုင်းဒေသကြီးနှင့် ပြည်နယ်လေးခုတို့တွင် တရားမဝင်သစ် တန် ၁၀၀ ကျော် အား သိမ်းဆည်းရမိ ခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၄ ရက် (ဆင်ဟွာ) နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် နိုင်ငံတော်၏ ကိုယ်စားလှယ်အနေဖြင့့်ဒီဇင်ဘာလ ၁၂ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီခွဲတွင် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)၌ ပြုလုပ်သည့် မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက တင်သွင်းသည့်ကိစ္စရပ်အားဒုတိယအကြိမ် ရှင်းလင်းပြောကြားသည်။