Connect with us

MYANMAR

COVID-19 အတည်ပြုလူနာသစ် (၁,၃၄၂) ဦးတွေ့ရှိပြီး စုစုပေါင်းအတည်ပြုလူနာ ၅၉,၂၇၇ ဦး သို့ရောက်ရှိလာ

နှာခေါင်းစည်းဖြင့်သွားလာနေသူများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

COVID-19 အတည်ပြုလူနာသစ် (၁,၃၄၂) ဦးအားတွေ့ရှိခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် အတည်ပြုလူနာစုစုပေါင်း(၅၉,၂၇၇) ဦးရှိလာပြီဖြစ်ကြောင်း၊ COVID-19 ရောဂါနှင့်ပတ်သက်၍ ပြည်သူများအနေဖြင့်လျှော့မတွက်သင့်ကြောင်း ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးဒေါက်တာမြတ်ထွဋ်ညွန့်ကနိုဝင်ဘာ ၆ရက် တွင်ဆင်ဟွာသို့ပြောသည်။

“COVID-19ရောဂါပိုးကိုလျှော့မတွက်ပါနဲ့။ လျှော့တွက်ရင် ကျွန်တော်တို့ ခံရမှာပါ။COVIDကြီးဘယ်တော့ပြီးမလဲဆိုပြီးမေးရင် ကာကွယ်ဆေးရမှသာ၊ ကာကွယ်ဆေးလွှမ်းခြုံနိုင်မှသာ သို့မဟုတ် ရောဂါပိုး အားပျော့သွားမှပဲ၊ အဲဒီနှစ်ချက်မဖြစ်မချင်း သတိဝီရိယကြီးစွာနဲ့ ဒီရောဂါကို ကာကွယ်စောင့်ကြည့်ရမယ့် အနေအထားရှိပါတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေကိုလျှော့မတွက်ပါနဲ့ သေချာလိုက်နာပေးပါ။ လိုက်နာဖို့အတွက် အထူးလိုအပ်နေပါသေးတယ်။’’ ဟု၎င်းကဖြည့်စွက်ပြောကြားသည်။

ယနေ့တွင် (၂၄)ဦးထပ်မံသေဆုံးခဲ့သဖြင့် ၊ လက်ရှိအချိန်အထိ သေဆုံးသူ စုစုပေါင်း (၁,၃၇၆) ဦးရှိပြီဖြစ်ကြောင်း၊ ပြီးခဲ့သော ၂၄ နာရီအတွင်း COVID-19 ဓာတ်ခွဲအတည်ပြုလူနာများအနက်ဆေးရုံဆင်းခွင့်ရရှိသူ (၁,၀၉၉)ဦး ရှိခဲ့သဖြင့် ယခုထိ ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း (၄၃,၂၇၇)ဦး ရှိလာခဲ့ကြောင်း သိရသည်။လွန်ခဲ့သော ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာပေါင်း (၁၄,၄၄၉) ခု အားစစ်ဆေးခဲ့ပြီး ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း(၇၆၅,၃၉၉) ခုအားစစ်ဆေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ယနေ့သေဆုံးသူ(၂၄)ဦးအနက် ရောဂါအခံရှိသူ (၂၀)ဦးပါဝင်ကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်များရှိ ဆေးရုံများနှင့် ရန်ကုန်မြို့ရှိ COVID-19 ရောဂါကုသရေးဌာနများမှ ဆေးရုံဆင်းခွင့်ရရှိသူစုစုပေါင်း (၁,၀၉၉) ဦးတွင် ပြည်သူ့ဆေးရုံများမှ (၂၅၃)ဦးနှင့် COVID-19ရောဂါ ကုသရေးဌာနများ(ရန်ကုန်မြို့) မှ (၈၄၆)ဦး ပါဝင်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အသွားအလာကန့်သတ်ထားရှိရာနေရာများမှ ဓာတ်ခွဲအတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သူများအနက် Negative အဖြေထွက်ရှိခဲ့ပြီး နေအိမ်များတွင် အသွားအလာ ကန့်သတ်ထားသူ စုစုပေါင်း (၁,၀၅၃)ဦးအနက်Hotel Quarantine တွင် (၁၇၄)ဦး၊ Facility Quarantine တွင် (၁၃၈)ဦး၊ Community Based Facility Quarantine တွင် (၆၇၄)ဦးနှင့် Anosmia Center တွင် (၆၇) ဦးပါဝင်ပြီး ၎င်းတို့အားနေအိမ်များတွင်အသွားအလာ ဆက်လက်ကန့်သတ်ထားကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ သိရသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက်ယမန်နေ့ကပိုးတွေ့ရှိသူ(၉၉၅)ဦးရှိခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးမှ (၇၈၆) ဦးဖြင့် အများဆုံးတွေ့ရှိခဲ့ကာ၊မန္တလေးတိုင်းဒေသကြီးမှ (၆၃)ဦး၊ဧရာဝတီတိုင်းဒေသကြီးမှ (၄၄)ဦး၊ရခိုင်ပြည်နယ်မှ(၃၅)ဦး၊ပဲခူးတိုင်းဒေသကြီးမှ (၂၃)ဦး၊စစ်ကိုင်းတိုင်းဒေသကြီးမှ(၁၄)ဦး၊ မွန်ပြည်နယ်မှ (၁၃)ဦး၊ မကွေးတိုင်းဒေသကြီးမှ (၇)ဦး၊ ရှမ်းပြည်နယ်မှ(၅)ဦး၊ကရင်ပြည်နယ်မှ(၃)ဦးနှင့် တနင်္သာရီတိုင်းဒေသကြီးမှ(၂) ဦးတွေ့ရှိခဲ့ကြောင်းသိရသည်။
အောက်တိုဘာ ၅ ရက်တွင် ထုတ်ပြန်ခဲ့သောဓာတ်ခွဲအတည်ပြုလူနာ (၉၉၅)ဦးတွင် အနံ့မရရှိသူ (၂၅၅)
ဦးပါရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.