Connect with us

Science & Technology

တရုတ်နိုင်ငံက ဒုံးပျံတစ်စင်းတည်းဖြင့် ဂြိုဟ်တု ၁၃ စင်းကို ဂြိုဟ်ပတ်လမ်းကြောင်းအတွင်း ပို့လွှတ်

တရုတ်နိုင်ငံ မြောက်ပိုင်း ဆန်းရှီးပြည်နယ် ထိုက်ယွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ဂြိုဟ်တု ၁၃ စင်းကို သယ်ဆောင်သွားသော Long March-6 သယ်ဆောင်ရေးဒုံးပျံကို နိုဝင်ဘာ ၆ ရက်က လွှတ်တင်စဉ် (ဆင်ဟွာ)

ထိုက်ယွမ်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

တရုတ်နိုင်ငံ မြောက်ပိုင်း ဆန်းရှီးပြည်နယ်ရှိ ထိုက်ယွမ် ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ဂြိုဟ်တု ၁၃ စင်းကို ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ နိုဝင်ဘာ ၆ ရက်တွင် အောင်မြင်စွာလွှတ်တင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဂြိုဟ်တုများတွင် အာဂျင်တီးနား ကုမ္ပဏီ Satellogic က ထုတ်လုပ်ထားသော စီးပွားဖြစ်သုံး အဝေးထိန်းအာရုံခံစနစ်ပါဝင်သော ဂြိုဟ်တု ၁၀ စင်း ပါဝင်ပြီး ပေကျင်းစံတော်ချိန် နံနက် ၁၁:၁၉ နာရီက Long March-6 သယ်ဆောင်ရေးဒုံးပျံဖြင့် လွှတ်တင်ခဲ့ခြင်း ဖြစ်သည်။

 တရုတ်နိုင်ငံ မြောက်ပိုင်း ဆန်းရှီးပြည်နယ် ထိုက်ယွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ဂြိုဟ်တု ၁၃ စင်းကို သယ်ဆောင်သွားသော Long March-6 သယ်ဆောင်ရေးဒုံးပျံကို နိုဝင်ဘာ ၆ ရက်က လွှတ်တင်စဉ် (ဆင်ဟွာ)

 တရုတ်နိုင်ငံ မြောက်ပိုင်း ဆန်းရှီးပြည်နယ် ထိုက်ယွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ဂြိုဟ်တု ၁၃ စင်းကို သယ်ဆောင်သွားသော Long March-6 သယ်ဆောင်ရေးဒုံးပျံကို နိုဝင်ဘာ ၆ ရက်က လွှတ်တင်စဉ် (ဆင်ဟွာ)
အလေးချိန်အားဖြင့် တစ်ခုလျှင် ၄၁ ကီလိုဂရမ်စီရှိပြီး သက်တမ်းသုံးနှစ်ရှိသော ယင်းဂြိုဟ်တု ၁၀ စင်းကို ၎င်းတို့၏ ဘက်စုံ လျှပ်စစ်သံလိုက်ရောင်စဉ်လှိုင်းနှင့် ရောင်စဉ်လှိုင်း အသုံးပြု အာကာသပုံရိပ်ဖမ်း ကိရိယာများဖြင့် စီးပွားဖြစ် အဝေးထိန်းအာရုံခံစနစ် ဝန်ဆောင်မှုများ ထောက်ပံ့ပေးရန် အသုံးပြုသွားမည် ဖြစ်သည်။

Long March-6 သယ်ဆောင်ရေးဒုံးပျံဖြင့် အတူလွှတ်တင်ခဲ့သော ကျန်ရှိသည့် ဂြိုဟ်တုသုံးစင်းကိုမူ တရုတ်နိုင်ငံ နည်းပညာမြင့်ကုမ္ပဏီများနှင့် သုတေသနအဖွဲ့အစည်းများက အဝေးထိန်းအာရုံခံစနစ်လေ့လာခြင်း၊ သိပ္ပံပညာ လက်တွေ့သုတေသနများနှင့် သိပ္ပံပညာရပ်ကို အများပြည်သူနားလည်သဘောပေါက်စေခြင်းများအတွက် တီထွင်ထုတ်လုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာ ၆ ရက်တွင် လွှတ်တင်မှုသည် Long March ဒုံးပျံစီးရီး၏ ၃၅၁ ကြိမ်မြောက် လွှတ်တင်ခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.