Connect with us

MYANMAR

လက်ရှိအချိန်အထိ City Taxi မှတ်ပုံတင်သက်တမ်းတိုးပြုလုပ်ပေးရမည့် ယာဉ်အစီးရေပေါင်း ၄၀,၀၀၀ ကျော်ရှိကြောင်းဆို

Taxi ကားမောင်းနေသူတစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

ရန်ကုန်တိုင်းဒေသကြီးတွင် City Taxi များ မှတ်ပုံတင်သက်တမ်းတိုးခြင်းကို ၂၀၂၀ပြည့်နှစ် မတ်လကုန်ခါနီးတွင် စတင်ဆိုင်းငံ့ထားခဲ့ပြီး လက်ရှိအချိန်အထိဆက်လက် ဆိုင်းငံ့ထားဆဲဖြစ်ကြောင်း၊ မှတ်ပုံတင်သက်တမ်းတိုးပြုလုပ်ပေးရမည့် ယာဉ်အစီးရေပေါင်း ၄၀,၀၀၀ ကျော်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA)တွဲဖက်အတွင်းရေးမှူးဦးလှအောင် က ဆင်ဟွာသို့ နိုဝင်ဘာ ၆ ရက်တွင်ပြောသည်။

“City Taxi တွေ သက်တမ်းတိုးတာကို ကျွန်တော်တို့ COVID-19 ရောဂါကာကွယ်ရေးအတွက် မတ်လကုန်ကနေစတင် ဆိုင်းငံ့ထားပါတယ်။ ပထမလှိုင်းခဏငြိမ်တုန်းကလည်း ပြန်သက်တမ်းတိုးခြင်း မလုပ်ဖြစ်ပါဘူး။အခုအချိန်ထိ ဆက်တိုက်ဆိုင်းငံ့ထားရပါတယ်။ COVID-19 ရောဂါအခြေအနေပေါ်မူတည်ပြီးတော့ပဲ ကျွန်တော်တို့ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်’’ ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။

မှတ်ပုံတင်သက်တမ်းတိုးခြင်းအားပြန်လည်ဆောင်ရွက်ပေးသည့်အခါတွင် COVID-19 ရောဂါအခြေအနေ ပေါ်မူတည်၍ စနစ်တကျဆောင်ရွက်သွားမည်ဖြစ်ကြောင်းဆိုသည်။ရန်ကုန်အမည်ပေါက် အငှားယာဉ်အစီးရေ ၆၅,၀၀၀ ကျော်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.