ရန်ကုန်၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် COVID-19ဓာတ်ခွဲအတည်ပြုလူနာသစ် ၅၃၅ ဦး ထပ်မံစစ်ဆေးတွေ့ရှိခဲ့ကြောင်း ယနေ့ (စက်တင်ဘာ ၂၄ ရက် )နံနက်ပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတစ်ဝန်းရှိ ဓာတ်ခွဲနမှုနာများအား စစ်ဆေးရာ COVID-19 ဓာတ်ခွဲအတည်ပြုလူနာသစ် ၃၃၄ ဦး ထပ်မံစစ်ဆေးတွေ့ရှိသဖြင့် ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၇,၂၉၂ ဦးထိရှိလာကြောင်း ယနေ့(စက်တင်ဘာ ၂၃ရက်) ညပိုင်း၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ) COVID-19 ဓာတ်ခွဲအတည်ပြုလူနာများအနက် ယနေ့ (စက်တင်ဘာ ၂၃ ရက်) ညနေပိုင်းအထိ အတည်ပြုလူနာ ၁၃ ဦးထပ်မံသေဆုံးခဲ့သဖြင့် စုစုပေါင်း သေဆုံးသူ ၁၂၉ ဦးထိရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် စက်တင်ဘာ ၂၁ ရက် မှ စက်တင်ဘာ ၂၃ ရက် အထိ ၃ရက်အတွင်း စုစုပေါင်း အမေရိကန်ဒေါ်လာ ၈ ဒသမ ၉ သန်းကို နိုင်ငံခြားငွေဈေးပြိုင်လေလံစနစ်ဖြင့် ဝယ်ယူခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁၅/၂၀၂၀) ကြိမ်မြောက် အစည်းအဝေး၌ အမေရိကန် ဒေါ်လာ ၁၅ ဒသမ ၇၂၇ သန်းရှိ လုပ်ငန်း (၆)ခုကို ရင်းနှီးမြှုပ်နှံရန်ခွင့်ပြုခဲ့ကြောင်း အဆိုပါကော်မတီထံမှ သိရသည်။