ရန်ကုန်၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ) မွန်ပြည်နယ် ဘီးလင်းမြို့တွင် ဘီးလင်းမြစ်ရေသည် ယင်းမြစ်၏ စိုးရိမ်ရေမှတ်အောက် နှစ်ပေခန့်သို့ ရောက်ရှိနေသည်ဟု ယနေ့ မြန်မာစံတော်ချိန် (၁၅:၀၀) နာရီအချိန်တွင် တိုင်းတာချက်အရ သိရကြောင်း မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ) ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ် အောင်သာဒါန်းကျေးရွာတွင် ဩဂုတ်လ ၁၂ ရက် ၃ နာရီခွဲက ပင်လယ်ဒီရေ မြင့်တက်မှုကြောင့် ဆည်မြောင်းစွန့်ပစ်တာ (လယ်သမားတာ)သည် ပေ ၂၀ ခန့် တစ်နေရာနှင့် ပေ ၃၀ ခန့်တစ်နေရာ တာကျိုးပေါက်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက...
နေပြည်တော်၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ) တရားမဝင် သစ်နှင့် သစ်တောထွက် ပစ္စည်းများကို ကာကွယ်တားဆီးနိုင်ရေးအတွက် သစ်တော ပမာဏနှင့် ထိန်းသိမ်းရသည့် ဝန်ထမ်းအချိုး မျှတရန် လိုအပ်ချက်များ ရှိနေကြောင်း သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ယနေ့ ပြောကြားခဲ့သည်။
ပေကျင်း၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ) မလေးရှားနိုင်ငံ ဝန်ကြီးချုပ် မဟာသီယာ မိုဟာမက် (Mahathir Mohamad) သည် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်၏ ဖိတ်ကြားအရ သြဂုတ်လ ၁၇ ရက်မှ ၂၁ ရက်အထိ တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်မည် ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန...
ကဘူးလ်၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ဂါ့ဇ်နီပြည်နယ် အရှေ့ပိုင်းတွင် လွန်ခဲ့သည့် နှစ်ရက်အတွင်း အာဖဂန် အထူးတပ်ဖွဲ့ဝင် ၁၀၀ ခန့် ပျောက်ဆုံးနေကြောင်း ဒေသခံ Tolonews ရုပ်သံက သြဂုတ်လ ၁၃ ရက်တွင် သတင်းတင်ပြခဲ့သည်။