Connect with us

Videos

မြန်မာနိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားသူ ၅၀,၀၀၀ကျော်လာ (ရုပ်သံ)

ရန်ကုန် ၊ အောက်တိုဘာ ၂၉ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံတွင် ယနေ့(အောက်တိုဘာ ၂၉ရက်) ညပိုင်းအထိ COVID-19 ရောဂါဖြစ်ပွားသူ ၅၀,၀၀၀ ကျော်လာပြီး သေဆုံးသူ ၁,၂၀၀ နီးပါးထိရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

လွန်ခဲ့သည့် ၂၄ နာရီအတွင်း COVID-19 အတည်ပြုလူနာသစ် ၁,၃၃၁ ဦး တိုးလာရာ ရောဂါဖြစ်ပွားသူ စုစုပေါင်း ၅၀,၄၀၃ဦးထိရှိလာကြောင်းနှင့် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ သေဆုံးသူ ၂၇ ဦးရှိခဲ့သဖြင့် သေဆုံးသူ စုစုပေါင်း ၁,၁၉၉ ဦးထိ ရှိလာကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် COVID-19 ကုသရေး စင်တာများတွင် လူ ၇၈၀၄ ဦး ကုသမှုခံယူနေကြောင်း သိရသည်။

ယခုအခါ ရောဂါပျောက်ကင်း၍ ဆေးရုံကဆင်းခွင့်ရရှိသူ ၁,၃၇၁ ဦးရှိလာသဖြင့် ဆေးရုံကဆင်းခွင့်ရသူ စုစုပေါင်း ၃၀,၀၀၇ ဦးထိရှိလာကြောင်း သိရသည်။
COVID-19 ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၄,၂၅၂ ခုအား အောက်တိုဘာ ၂၈ ရက် ည ၈ နာရီမှ အောက်တိုဘာ ၂၉ ရက်ည ၈ နာရီအတွင်း စစ်ဆေးပြီးစီးခဲ့ပြီး မြန်မာနိုင်ငံ၌ ယခုအချိန်ထိ COVID-19 ဓာတ်ခွဲနမူနာ စုစုပေါင်း ၆၆၂,၄၄၉ခု စစ်ဆေးပြီး ထားကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.