Connect with us

WORLD

အင်္ဂလန်နိုင်ငံတွင် တစ်လကြာ Lockdown ပိတ်ဆို့မှုသစ် ထုတ်ပြန်ကြောင်း ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင် ကြေညာ

အင်္ဂလန်နိုင်ငံဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်အား ဒေါင်းနင်းလမ်းဝန်ကြီးချုပ်အိမ်တော်ရှေ့၌ တွေ့ရစဉ်( ဓာတ်ပုံ- JUSTIN TALLIS / AFP via Xinhua)

လန်ဒန် ၊ နိုဝင်ဘာ ၁ ရက်(ဆင်ဟွာ) ဘာသာပြန်/ကိုငယ်

ဗြိတိန်နိုင်ငံဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က အင်္ဂလန်နိုင်ငံသည် နိုဝင်ဘာ ၅ ရက်မှ စတင်ကာ အချိန်တစ်လကြာ lockdown ပိတ်ဆို့မှုအသစ်ထဲ ချဉ်းနင်းဝင်ရောက်မည်ဖြစ်ကြောင်း အောက်တိုဘာ ၃၁ ရက်တွင် ထုတ်ဖော်ကြေညာခဲ့သည်။

အဆိုပါ ပိတ်ဆို့မှုအသစ်သည် ဒီဇင်ဘာ ၂ ရက်အထိ အကျုံးဝင် သက်ရောက်မည်ဖြစ်ကြောင်း ၊ အင်္ဂလန်နိုင်ငံရှိ ပြည်သူများအနေဖြင့် ပညာရေးအတွက်သွားရောက်ခြင်း ၊ အလုပ်ကိစ္စအတွက်သွားရောက်ခြင်း သို့မဟုတ် အစားအသောက်ဝယ်ယူရန်အတွက် သွားရောက်ခြင်း စသည့် ခိုင်လုံသောအကြောင်းပြချက်များဖြင့်သာ နေအိမ်ပြင်ပသို့ ထွက်ခွာခွင့်ပြုမည်ဖြစ်ကြောင်း ဒေါင်းနင်းလမ်းဝန်ကြီးချုပ်အိမ်တော်မှနေ၍ ပြုလုပ်သော ရုပ်သံသတင်းစာရှင်းလင်းပွဲတစ်ခုတွင် ဘောရစ်ဂျွန်ဆင်က ထည့်သွင်းပြောကြားခဲ့သည်။

ဆိုင်ထိုင်ခွင့်မပြုဘဲ အဝေးသို့ယူဆောင် စားသောက်စေခြင်းမှလွဲ၍ တစ်နိုင်ငံလုံးရှိ စားသောက်ခန်းများ ၊ အရက်ဘားများ နှင့် စားသောက်ဆိုင်များကို ပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။ မရှိမဖြစ် လိုအပ်သောဆိုင်များမဟုတ်သည့် ဈေးဆိုင်များ ၊ ဆံကေသာအလှပြုပြင်ဆိုင်များ နှင့် အပန်းဖြေအနားယူသော ဖျော်ဖြေရေးနေရာများကိုလည်း ပိတ်ထားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

စာသင်ကျောင်းများ ၊ ကောလိပ် နှင့် တက္ကသိုလ်များကိုမူ ဆက်လက်ဖွင့်ထားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ဂျွန်ဆင်က ဆိုသည်။ ပြည်သူများ၏ ပုံမှန်လူနေမှုဘဝပြန်လည်ရောက်ရှိစေရန် ဗြိတိန် ၊ တရုတ် ၊ ရုရှား နှင့် အမေရိကန်ကဲ့သို့သော နိုင်ငံများသည် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို အမြန်ဆုံးထုတ်လုပ်နိုင်ရန် အပြိုင်အဆိုင် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.