ဖူကျိုး၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေးယာဉ် ထျန်းဝန်-၁ (Tianwen-1) သည် အကွာအဝေး ကီလိုမီတာ ၁၅၅ သန်းသို့ ရောက်ရှိနေပြီဖြစ်ကြောင်း တရုတ်နိုင်ငံ အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေးခရီး ဒီဇိုင်နာချုပ် Zhang Rongqiao က ပြောခဲ့သည်။
နန်ကျင်း၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ပိုင်း နန်ကျင်းမြို့တွင် လျှပ်စစ်စက်ဘီးစီးလာသူ အမျိုးသားကြီးတစ်ဦးကို ကားတိုက်မိ၍ အဆိုပါအမျိုးသားမှာ ကားအောက်သို့ရောက်သွားသဖြင့် လမ်းသွားလမ်းလာများက ကားကိုဝိုင်းမကာ ကယ်ထုတ်ခဲ့သည်ကို ရိုက်ကူးထားသော ဗီဒီယိုဖြစ်ပါသည်။ တိုက်မိသောကား၏ ယာဉ်မောင်းနှင့် လမ်းသွားလမ်းလာများသည် ရဲကို ချက်ချင်းဖုန်းဆက်ခေါ်၍ ထိုအမျိုးသားကို ကားအောက်မှ ဆွဲထုတ်ရန်ကြိုးစားခဲ့သည်။...
ဝါရှင်တန်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ရောဂါ ကာကွယ်ထိန်းချုပ်ရေးစင်တာ (CDC) က နိုဗယ် ကိုရိုနာဗိုင်းရပ်စ် လက္ခဏာမရှိသူများကို ရောဂါစစ်ဆေးခြင်းဆိုင်ရာ လမ်းညွှန်ချက်များအား ၎င်းတို့၏ ဝက်ဘ်ဆိုက်တွင် စက်တင်ဘာ ၁၈ ရက်က ထပ်မံမွမ်းမံထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ဂျေရုဆလမ်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ) အစ္စရေးနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုကို ထိန်းချုပ်ရန် ရည်ရွယ်ချက်ဖြင့် စက်တင်ဘာ ၁၈ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၂:၀၀ နာရီမှ စတင်၍ နိုင်ငံတစ်ဝန်း အသွားအလာကန့်သတ်မှု (Lockdown) အပြည့်အဝလုပ်ဆောင်လိုက်ပြီဖြစ်ကြောင်း သိရသည်။