ပေကျင်း၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံနှင့် မွန်ဂိုလီယားဒေသတွင် ၂၀၁၇ ခုနှစ်အတွင်း မွေးရာပါနှလုံးရောဂါခံစားနေရသော ကလေးငယ် ၇၄ ဦးအား အခမဲ့ဆေးကုသပေးခဲ့ကြောင်း တရုတ်နိုင်ငံ ကြက်ခြေနီဖောင်ဒေးရှင်း၏ နှစ်ပတ်လည် လုပ်ငန်း အစီရင်ခံစာ၌ ဖော်ပြထားသည်။
လော့စ်အိန်ဂျလိစ်၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် အနောက်ပိုင်းရှိ Long Beach မြို့တွင် ဒီဇင်ဘာလ ၂၉ ရက်က သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂ ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ) ရေပူနှင့် မရမ်းချောင် အမြဲတမ်း စစ်ဆေးရေးစခန်းတွင် ဒီဇင်ဘာ ၂၈ ရက်နေ့က တရားမဝင်အထောက်အထား တင်ပြနိုင်ခြင်းမရှိဘဲ သယ်ဆောင်လာသော ကျပ် ၁၆သန်းကျော် တန်ဖိုးရှိ လျှပ်စစ်ပစ္စည်းနှင့် လူသုံးကုန် ပစ္စည်း များအား ဖမ်းဆီးအရေးယူထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ) နှစ် (၇၀)ပြည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျပ် ၁၀၀တန် အထူးထုတ် တံဆိပ်ခေါင်း သုံးမျိုးရောင်းချပေးမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဘိုဂိုတာ၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ) ကိုလံဘီယာနိုင်ငံ မြောက်ပိုင်း ရှိ နိုက်ကလပ်တစ်ခုတွင် လူအုပ်ထဲသို့ လက်ပစ်ဗုံးတစ်လုံး ပစ်သွင်းဖောက်ခွဲခဲ့သဖြင့် အနည်းဆုံးလူ ၃၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအာဏာပိုင်များက ဒီဇင်ဘာ ၂၉ ရက်တွင်ပြောကြားခဲ့သည်။