ဗီယင်ကျန်း၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) လာအိုနိုင်ငံတောင်ပိုင်းရှိ ဆောက်လုပ်ဆဲ ရေအားလျှပ်စစ်ဆည်ဖြစ်သော Xepian-Xe Nam Noy ဆည်ကျိုးကျမှုကြောင့် လူ ၁၉ ဦးခန့်သေဆုံးကြောင်း အတည်ပြုနိုင်ခဲ့ပြီး အခြားသူ ၄၉ ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း Attapeu ပြည်နယ် အုပ်ချုပ်ရေးရုံးက ဇူလိုင်လ ၂၅ ရက်တွင် ပြောကြားထားသည့်...
ဂျိုဟန်းနက်စ်ဘာဂျ့်၊ ဇူလိုင် ၂၅ ရက်(ဆင်ဟွာ) တောင်အာဖရိကတိုက်တွင်ကျင်းပလျက်ရှိသည့် ၁၀ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေးတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်မိန့်ခွန်းပြောကြားခဲ့သည့် မြင်ကွင်းအပြည့်အစုံကို အောက်ပါလင့်ခ်မှတစ်ဆင့်ကြည့်ရှုနိုင်ပါသည်။(Xinhua)
ဒမတ်စကပ်စ်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) အစ္စရေးသည် ဇူလိုင်၂၄ ရက်တွင် ဆီးရီးယားတိုက်လေယာဉ်တစ်စင်းကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့၍ လေယာဉ်မှူးတစ်ဦး သေဆုံးကာ အခြားလေယာဉ်မှူးတစ်ဦး ပျောက်ဆုံးနေကြောင်း လေ့လာစောင့်ကြည့်ရေးအဖွဲ့က ဖော်ပြခဲ့သည်။
ပရီတိုးရီးယား၊ ဇူလိုင် ၂၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်၏ ဇနီး ဖုန်းလိယွမ် နှင့် အမျိုးသမီးပညာရေး နှင့် အခွင့်အရေးမြှင့်တင်ရေးဆိုင်ရာ ယူနက်စကို(UNESCO) အဖွဲ့အထူးကိုယ်စားလှယ် တို့သည် တောင်အာဖရိကနိုင်ငံ ပရီတိုးရီးယားမြို့တော်ရှိ နေ့ကလေးထိန်းကျောင်း တစ်ခုသို့ဇူလိုင် ၂၄ ရက်က သွားရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။
အေဒင် ၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) ဂရိ နိုင်ငံပိုင် သတင်းဌာန ၏ ထုတ်ပြန်ချက်အရ ဂရိ နိုင်ငံ ၌ တောမီးလောင်မှုကြောင့် သေဆုံးသူပေါင်း ၇၄ ဦး အထိ ရောက်ရှိလာပြီး လူပေါင်း ၂၀ ခန့် ပျောက်ဆုံးနေကြောင်း သိရှိရသည်။