Connect with us

Sport

မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းများ၏ နည်းပြအဖွဲ့ဝင်များကို နှစ်ကုန်ပိုင်းတွင် သက်တမ်းတိုးစာချုပ်သစ်ချုပ်ဆိုရန် စီစဉ်လျက်ရှိကြောင်းဆို

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းလေ့ကျင့်မှုများဆောင်ရွက်နေစဉ် (ဓာတ်ပုံ--MFF)

ရန်ကုန်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)

၂၀၂၀ပြည့်နှစ် နှစ်ကုန်ပိုင်းတွင်  စာချုပ်သက်တမ်း ကုန်ဆုံးမည့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းများ၏  နည်းပြ အဖွဲ့ဝင်များကို နှစ်ကုန်ပိုင်းတွင် သက်တမ်းတိုးစာချုပ်သစ်ချုပ်ဆိုရန် စီစဉ်နေကြောင်း   မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်(MFF) မှ မီဒီယာဒါရိုက်တာ ဦးဇော်မင်းထိုက်က ဆင်ဟွာသို့ အောက်တိုဘာ ၁၀ ရက်တွင်ပြောသည်။

“ဒီနှစ်ကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် နည်းပြတွေထဲမှာ ၂၀၁၉ ဖိလစ်ပိုင်ဆီးဂိမ်းမှာ ကြေးတံဆိပ်ဆုရရှိအောင်   စွမ်းဆောင်ပေးခဲ့တဲ့ မြန်မာ ယူ-၂၂ ဘောလုံးအသင်းရဲ့နည်းပြချုပ် ပိုပေါ့လည်း ပါဝင်ပါတယ်။ နည်းပြအဖွဲ့ဝင်တွေကို တွေ့ဆုံဆွေးနွေးပြီးစာချုပ်သက်တမ်းတိုးသွားမှာပါ’’ ဟု ၎င်း ကဖြည့်စွက်ပြောကြားသည်။

ယင်းနည်းပြ အဖွဲ့ဝင်များကို မူလက ယခုအောက်တိုဘာလအတွင်း တွေ့ဆုံဆွေးနွေး၍   စွမ်းဆောင်ရည်များပေါ် မူတည်ကာ စာချုပ်သက်တမ်းတိုးရန် စီစဉ် ထားသော်လည်း    COVID-19 ရောဂါ အခြေအနေကြောင့်  နှစ်ကုန်ပိုင်းမှသာ စာချုပ်သက်တမ်းတိုးနိုင်ဖွယ်ရှိကြောင်းဆိုသည်။

လက်ရှိဖွဲ့စည်းထားသည့် လက်ရွေးစင် ဘောလုံးအသင်းများတွင် အမျိုးသားအသင်းကို ဂျာမနီနိုင်ငံသား  အန်တွမ်နီဟေး၊ ယူ-၂၂ အသင်းကို ဘူလ်ဂေးရီးယားနိုင်ငံသား ပိုပေါ့၊ ယူ-၁၉ အသင်းကို ဦးစိုးမြတ်မင်း၊ ယူ-၁၆ အသင်းကို  ဦးချစ်နိုင်နှင့် အမျိုးသမီးလက်ရွေးစင် အသင်းကို ဦးတင်မြင့်အောင်၊ ယူ-၁၈ အမျိုးသမီးအသင်းကို ဒေါ်သက်သက်ဝင်း၊ ယူ-၁၅ အမျိုးသမီးအသင်းကို ဒေါ်စန်းစန်းသိန်းတို့က နည်းပြချုပ်အဖြစ်   တာဝန်ယူကိုင်တွယ်လျက်ရှိကြောင်းမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရသည်။  (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117