ချင်းရိုင် ၊ ထိုင်း ၊ ဇူလိုင် ၆ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ ကျောက်ဂူ တစ်ခုအတွင်းပိတ်မိနေသော ဘောလုံးသမား ၁၂ ဦး နှင့် နည်းပြတစ်ဦး အား ကယ်ဆယ်ရေးလုပ်ဆောင်နေသည့် ထိုင်းရေငုပ်သမားတစ်ဦးမှာ အောက်ဆီဂျင် ပြတ်လပ်မှုကြောင့် ယနေ့ဇူလိုင် ၆ ရက် နံနက်အစောပိုင်းတွင် သေဆုံးသွားကြောင်း...
ဘန်ကောက် ၊ဇူလိုင် ၅ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံတောင်ပိုင်း ပင်လယ်ပြင်တွင် ဇူလိုင်လ ၅ရက်က ရာသီဥတုဆိုးရွားသဖြင့် လှေနှစ်စင်း တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ ည ၈ း၃၀ နာရီအထိ တိမ်းမှောက်ခဲ့သည့် လှေနှစ်စီးပေါ်မှခရီးသည် ၁၃၃ယောက်အနက် အများစုကို ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ) တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA)ရေးထိုးထားသော အဖွဲ့များကြားတွင် ပစ်ခတ်တိုက်ခိုက်မှု ၈၀ ရာခိုင်နှုန်းထိလျော့ကျလာကြောင်း ယနေ့ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် JMC-U ၏ အတွင်းရေးမှူး(၂) ဗိုလ်မှူးကြီး ဝဏ္ဏအောင်က ပြောကြားသည်။
ဝါရှင်တန်ဒီစီ၊ ဇူလိုင် ၅ ရက်(ဆင်ဟွာ) အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီတွင် ဇူလိုင်လ ၄ ရက်နေ့ က လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် မီးရှူးမီးပန်းများ ကောင်းကင်ပြင်၌ လှပစွာ ဂုဏ်ပြုပစ်ဖောက်ခဲ့ရာ ပိုတောမတ်မြစ်ကမ်းတစ်လျှောက် တွင် မီးရှူးမီးပန်းအလှများကို လာရောက်ကြည့်ရှုသူထောင်ပေါင်းများစွာရှိခဲ့သည်။ (Xinhua)