Connect with us

Politics, Law & Military

တရုတ် နိုင်ငံက မျှတပြီး မှန်ကန်သည့် ဈေးနှုန်းဖြင့် ကမ္ဘာ့နိုင်ငံအသီးသီး အား COVID-19 ရောဂါ ကာကွယ်ဆေး ထောက်ပံ့ပေးမည်ဟုဆို 

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်းဝန်ပင်း အား မြင်တွေ့ရစဉ် (ဓာတ်ပုံ-တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန)

ပေကျင်း ၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ COVID-19 ရောဂါ ကာကွယ်ဆေးသည် ဥရောပ နှင့် အမေရိကန် နိုင်ငံ တို့၏ ကာကွယ်ဆေးထက် ဈေးနှုန်းပိုမိုမြင့်မားသည် ဟူ၍ ရေးသားဖော်ပြမှုများသည် မည်သည့် အထောက်အထား မှမရှိကြောင်း၊ တရုတ်နိုင်ငံ အနေဖြင့် ကာကွယ်ဆေးအား ကမ္ဘာ့အများပြည်သူ့ ပစ္စည်းအဖြစ် သတ်မှတ်ကာ မျှတပြီး မှန်ကန်သည့် ဈေးနှုန်းဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးကို ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း ၊ ထို့ပြင်ပုံစံ အမျိုးမျိုးဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများကို ကာကွယ်ဆေးထောက်ပံ့ပေးသွားမည်ဖြစ်ပြီး လှူဒါန်းခြင်းနှင့် အခမဲ့ အကူအညီ ပေးသည့် ပုံစံတို့လည်း ပါဝင်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်းဝန်ပင်း က စက်တင်ဘာ ၃၀ ရက် ၌ ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲ တွင် ပြောကြား ခဲ့သည်။ 

ဝမ်းဝန်ပင်း က ကမ္ဘာ့ COVID-19 ရောဂါ အား ရင်ဆိုင်ဖြေရှင်းရာ တွင် တရုတ် နိုင်ငံ အနေဖြင့် အတက်နိုင်ဆုံး ကာကွယ်ဆေးရရှိအောင် သုသေတနပြု ဆောင်ရွက်နေကြောင်း ၊ တရုတ် နိုင်ငံ မှ ကာကွယ်ဆေးအား အောင်မြင်စွာ ထုတ်လုံးပြီးချိန်တွင် ယင်းကို ကမ္ဘာ့အများပြည်သူ ပစ္စည်းအဖြစ် သတ်မှတ်မည် ဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများ ကာကွယ်ဆေး အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ ၏ ကတိပြုချက်မှာ သိသာထင်ရှားပြီး ပြောသည့် အတိုင်းလည်း လုပ်ဆောင်ပေးမည် ဖြစ်ကြောင်းထည့်သွင်း ပြောကြား ခဲ့သည်။

ထို့ပြင် ဝမ်းဝန်ပင်း က လက်ရှိချိန်တွင် ကမ္ဘာ့နိုင်ငံအသီးသီး က COVID-19 ရောဂါ ကာကွယ်ဆေး တီထွင်ထုတ်လုပ်နေကြပြီး ဈေးနှုန်းမည်မျှသတ်မှတ်ရန် မသေချာမှုများရှိနေကြောင်း ၊ တရုတ်နိုင်ငံ အနေဖြင့် သေချာသည့် အချက်တစ်ချက်မှာ ကာကွယ်ဆေးအား တရားမျှတပြီး မှန်ကန်သည့် ဈေးနှုန်းဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးသို့ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။(Xinhua)