ရန်ကုန်၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ) အီကွေတာအနီး ပစိဖိတ်သမုဒ္ဒရာတွင် ပင်လယ်ရေမျက်နှာပြင် အပူချိန်များ နှင့် လေထုအခြေအနေ ညွှန်းကိန်းများအရ လာနီညာအဆင့်သို့ရောက်ရှိလာပြီဖြစ်သောကြောင့် လာနီညာရာသီဥတုဖြစ်စဉ်အရ မြန်မာနိုင်ငံ၌ မုတ်သုံအလွန်ကာလ များတွင်လည်း မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးဦးလှထွန်းကဆင်ဟွာသို့ အောက်တိုဘာ ၁ ရက် တွင်ပြောသည်။
ပေကျင်း ၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ကူဝိတ်နိုင်ငံ၏ စော်ဘွားသစ်အား ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာတစ်စောင်ကို ယနေ့အောက်တိုဘာ ၁ ရက်တွင် ပေးပို့ခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး ရှေ့ဆက်မြှင့်တင်ရန် အတူတကွကြိုးပမ်းအားထုတ်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ပေကျင်း၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့(RDIF)သည် အီဂျစ်နိုင်ငံ ဧရာမဆေးကုမ္ပဏီကြီးနှင့် စက်တင်ဘာ ၃၀ ရက်က သဘောတူလက်မှတ်ရေးထိုးခဲ့ရာ ယင်းသဘောတူညီချက်အရအီဂျစ်သို့ “Sputnik V” ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ၂၅ သန်း ပံ့ပိုးမည်ဖြစ်ပြီး အီဂျစ်လူဦးရေ၏ လေးပုံတစ်ပုံကို လွှမ်းခြုံနိုင်မည်ဟု မျှော်လင့်ရကြောင်းသိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ) COVID-19 ရောဂါဖြစ်ပွားနေသော အရေးပေါ်လူနာများအတွက် COVID-19 ရောဂါပျောက်ကင်းပြီးသူများ၏ သွေးရည်ကြည် အလှူရှင်များ လိုအပ်လျက်ရှိကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန မှ သိရသည်။
ကုလသမဂ္ဂ ၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ) ကပ်ရောဂါအဆုံးသတ်ရေးအတွက် ကာကွယ်ဆေးရရှိရန်မှာကမ္ဘာကြီး၏ အမြင့်ဆုံး မျှော်လင့်ချက်ဖြစ်ရာ ကမ္ဘာလုံးဆိုင်ရာ COVID-19 ရောဂါ ကင်းစင်ရေးရည်မှန်းချက်ပန်းတိုင် အောင်မြင်စေရန်အတွက ကြိုးပမ်းမှုအရှိန်အဟုန်ကို မြှင့်တင်သွားရမည်ဖြစ်ကြောင်းဘီလ်ဂိတ်ကစက်တင်ဘာ ၃၀ ရက်တွင် တိုက်တွန်းပြောကြားခဲ့သည်။