Connect with us

WORLD

ကမ္ဘာလုံးဆိုင်ရာ COVID-19 ကင်းစင်ရေးကာကွယ်ဆေးအတွက် ကြိုးပမ်းအားထုတ်ရန် ဘီလ်ဂိတ်တိုက်တွန်း

Bill & Melinda Gatsဖောင်ဒေးရှင်းပူးတွဲဥက္ကဌဘီလ်ဂိတ်အားတွေ့ရစဉ်(ဆင်ဟွာ)

 

ကုလသမဂ္ဂ ၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)

ကပ်ရောဂါအဆုံးသတ်ရေးအတွက် ကာကွယ်ဆေးရရှိရန်မှာကမ္ဘာကြီး၏ အမြင့်ဆုံး မျှော်လင့်ချက်ဖြစ်ရာ ကမ္ဘာလုံးဆိုင်ရာ COVID-19 ရောဂါ ကင်းစင်ရေးရည်မှန်းချက်ပန်းတိုင် အောင်မြင်စေရန်အတွက ကြိုးပမ်းမှုအရှိန်အဟုန်ကို မြှင့်တင်သွားရမည်ဖြစ်ကြောင်းဘီလ်ဂိတ်ကစက်တင်ဘာ ၃၀ ရက်တွင် တိုက်တွန်းပြောကြားခဲ့သည်။

“ကာကွယ်ဆေးဟာကမ္ဘာလုံးဆိုင်ရာ COVID-19 ကင်းစင်ရေးအတွက် အစီအစဉ်တစ်ခုဖော်ဆောင်ဖို့ ကျွန်တော်တို့ကိုခွင့်ပြုပေးရမှာပါ”ဟုBill& Melinda Gates ဖောင်ဒေးရှင်း ပူးတွဲဥက္ကဌဘီလ်ဂိတ်က COVID-19 ရောဂါ ကိုင်တွယ်ထိန်းချုပ်ရေးဆိုင်ရာ ကုလသမဂ္ဂဗီဒီယိုရုပ်သံအစည်းအဝေးတစ်ခုတွင် ထည့်သွင်းပြောကြားခဲ့သည်။

၎င်းက ဘီလီယံနှင့်ချီသော ကာကွယ်ဆေးထုတ်လုပ်ရေးအတွက် ကုန်ကျစရိတ်ပေးရန် နှင့် ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါတိုက်ဖျက်ရေးအတွက် လိုအပ်သောမည်သည့်နေရာမဆိုဖြန့်ဖြူးနိုင်ရေးစနစ် တည်ဆောက်ရန် လုပ်နိုင်စွမ်းနှင့်ပတ်သက်၍ ထည့်သွင်းပြောကြားခဲ့ပြီး ရောဂါသက်ရောက်မှုရှိသော အသက်အရွယ်အပိုင်းအခြားရှိပြည်သူများ ၊ နိုင်ငံများနှင့် အသိုက်အဝန်းအတွက် ကာကွယ်ဆေးရရှိနိုင်ရန်မှာ အလွန်အရေးကြီးကြောင်း၎င်းက မီးမောင်းထိုးပြောကြားခဲ့သည်။

ကမ္ဘာပေါ်တွင် ဝင်ငွေအနိမ့်ဆုံးနှင့် ဝင်ငွေအနိမ့်-အလယ်အလတ်တန်းရှိသောနိုင်ငံများမှ ပြည်သူများသည် ကမ္ဘာ့လူဦးရေ၏ ထက်ဝက်နီးပါးခန့်ရှိနေကြောင်း“ လုံလောက်တဲ့ ဆေးဝါးတွေမရနိုင်မယ့်အန္တရာယ်နဲ့နီးနေတယ် ၊ ဘာကြောင့်လဲဆိုတော့ သူတို့မှာချမ်းသာကြွယ်ဝတဲ့နိုင်ငံတွေလိုမျိုးဝယ်နိုင်စွမ်းမရှိကြပါဘူး” ဟုမိုက်ခရိုဆော့ခ်ပူးတွဲထူထောင်သူဂိတ်ကဆိုသည်။

“ဒီရောဂါခြိမ်းခြောက်မှုတွေကိုအပြီးသတ်နှိမ်နင်းနိုင်မယ့်တစ်ခုတည်းသောနည်းလမ်းကနေရာတိုင်းမှာသူမရှိအောင် နှိမ်နင်းသွားဖို့ပါပဲ” ဟု ၎င်းကမှတ်ချက်ပြုခဲ့သည်။

ထို့ပြင် ဂိတ်က နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ပြန်လည်နိုးထရေးစနစ်တစ်ခုတည်ဆောက်ရေးကြိုးပမ်းမှုတွင် ကျန်းမာရေးစနစ်ကိုမြှင့်တင်သွားရန် ပြောကြားခဲ့ပြီး “ အဲဒါဟာနောက်လာမယ့်ကပ်ရောဂါရဲ့ပျက်စီးဆုံးရှုံးမှုကို လျှော့ချဖို့ ကူညီပေးနိုင်ပါလိမ့်မယ်” ဟုဆိုသည်။

“ လူ့အသက်သန်းပေါင်းများစွာကိုကယ်တင်ဖို့နဲ့ ကမ္ဘာလုံးဆိုင်ရာပြန်လည်နလံထူရေးအရွေ့တစ်ခုရရှိဖို့ COVID-19 ရောဂါ ပျောက်ကွယ်သွားအောင် လုပ်ဆောင်မယ့်အစီအစဉ်တစ်ခုကိုကမ္ဘာက တည်ဆောက်သွားရမယ်ဆိုတာကို ကျွန်တော်အနေနဲ့ ယုံကြည်ထားတယ်”ဟု၎င်းကဆိုသည်။  (Xinhua)