ရန်ကုန် ၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ) အစိုးရအနေဖြင့် ပြည်သူ့ကျန်းမာရေးကာကွယ်စောင့်ရှောက်ရေးနှင့် COVID-19 ကြောင့် စီးပွားရေးထိခိုက်မှုသက်သာရေးစီမံချက်(CERP)ကိုအကောင်အထည်ဖော်ပြီးစီးပွားရေးကဏ္ဍအပေါ် သက်ရောက်မှုများလျော့နည်းစေရန် တစ်ပြိုင်တည်းဆောင်ရွက်လျက် ရှိကြောင်းမြန်မာကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးကျော်တင့်ဆွေက ၇၅ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ အထွေထွေမူဝါဒရေးရာဆွေးနွေးပွဲတွင် ရှင်းလင်းပြောကြားခဲ့သည်။
ဝါရှင်တန်၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ) ပထမအကြိမ် အမေရိကန်သမ္မတလောင်း စကားစစ်ထိုးပွဲ၏ အခြေအနေအရ နောက်ဆက်လက် ကျင်းပမည့် စကားစစ်ထိုးပွဲများတွင် စည်းမျဉ်းစည်းကမ်းများကိုပြင်ဆင်သွားမည်ဖြစ်ကြောင်း ၊ ယင်းမှာပွဲစနစ်တကျ ဖြစ်စေရန် ရည်ရွယ်ကြောင်းအမေရိကန် သမ္မတလောင်းရုပ်မြင်သံကြား စကားစစ်ထိုးပွဲ တာဝန်ယူကြီးမှူးကျင်းပသည့် အမေရိကန်နိုင်ငံ သမ္မတစကားစစ်ထိုးပွဲဆိုင်ရာကော်မတီ(CPD)က စက်တင်ဘာ ၃၀ ရက်တွင် ပြောကြားခဲ့သည်။
မော်စကို ၊အောက်တိုဘာ ၁ ရက်(ဆင်ဟွာ) ဆီးရီးယားနိုင်ငံတွင် လုပ်ဆောင်လျက်ရှိသည့် ရုရှားနိုင်ငံ၏ အကြမ်းဖက်မှုနှိမ်နင်းရေး စစ်ပွဲများသည် နိုင်ငံ၏ စစ်ရေးစွမ်းရည်မြင့်မားမှုကို ဖော်ပြနေခြင်းဖြစ်ကြောင်း ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး Sergei Shoigu က စက်တင်ဘာ ၃၀ ရက်တွင် ရေးသားခဲ့သော ဆောင်းပါးတစ်ပုဒ်တွင် ဖော်ပြထားသည်။
ကုလသမဂ္ဂ ၊အောက်တိုဘာ ၁ ရက်(ဆင်ဟွာ) ကမ္ဘာ့ကျန်းမာရေးအဖွဲ့ နှင့် နိုင်ငံတကာမိတ်ဖက်များက COVID-19 ရောဂါ ဆိုင်ရာ အရှိန်မြှင့်တင်ရေး(ACT) လှုပ်ရှားဆောင်ရွက်မှုသည် သက်ဆိုင်ရာအစိုးရများ ၊ ပုဂ္ဂလိကကဏ္ဍများ ၊ အရပ်ဖက်အဖွဲ့အစည်းများ နှင့် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် “ စည်းလုံးညီညွတ်မှုကိုဖော်ပြသည့် အရှိန်အဟုန်တစ်ခု” အဖြစ် ကမ္ဘာ့ကုလသမဂ္ဂ နှင့်...
ပေကျင်း၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ၂၀၁၉ ခုနှစ် နှစ်ကုန်တွင် ကိုယ်ခန္ဓာပိုင်းဆိုင်ရာ လိုအပ်ချက်ရှိနေသည့် အမျိုးသမီး ၂ ဒသမ ၅၅ သန်းကို ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်အောင်ကူညီနိုင်ခဲ့ကြောင်း တရုတ် မသန်စွမ်းသူများအဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးက စက်တင်ဘာ၂၈ ရက်တွင် ပြောကြားခဲ့သည်။